OnePlus က 12R အတွက် Teaser Campaign ကို စတင် ပြုလုပ်နေပြီ ဖြစ်ပြီး အိန္ဒိယ ဌာနက X မှာ ဖုန်း ဒီဇိုင်းကို ပြသထားကာ ဇန်နဝါရီလ ၂၃ ရက်နေ့ ကြေညာမယ်လို့ သတင်းပေးထားပါတယ်။ OnePlus 12R ကို “Smooth Beyond Belief” လို့ ညွှန်းဆိုထားပါတယ်။

ကုမ္ပဏီက အဲဒီဖုန်းမှာ 72Hz နဲ့ 90Hz အပါအဝင် Refresh Rate များစွာကို ပြသနိုင်တဲ့ LTPO 4.0 မျက်နှာပြင် တပ်ဆင်ထားမယ်လို့ အတည်ပြုထားပါတယ်။

OnePlus က ထုတ်လုပ်ရောင်းချထားသမျှ ဖုန်းတွေ အားလုံးထဲမှာ အကြီးမားဆုံး Battery ကို 12R မှာ ထည့်သွင်းထားတယ်လို့ ပြောပြီး OnePlus 12 မှာထက် ၂ ရာခိုင်နှုန်း ပိုမိုကြီးမားတဲ့ 5,500mAh Battery ပါလာမှာပါ။

OnePlus 12R confirmed to sport a 4th gen LTPO 120Hz ProXDR display and pack  a 5,500 mAh battery | Technology News - News9live

OnePlus 12R ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ OnePlus 12 နဲ့အတူ ကြေညာမှာပါ။ LTPO နည်းပညာ အပြင် မျက်နှာပြင်က 6.78” ဖြစ်ပြီး Gorilla Glass Victus 2 နဲ့ ကာကွယ်ထားမှာပါ။

၂၀၂၃ ခုနှစ်ထုတ် Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB LPDDR5X RAM ပါလာမှာပါ။ 50MP IMX890 Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားနိုင်ပြီး 100W Charging ပါလာနိုင်ပါတယ်။

Ref : gsmarena