OnePlus က ပြီးခဲ့တဲ့ ၁ ပတ်မှာ OnePlus 8 နဲ့ OnePlus 8 Pro အတွက် OxygenOS Update ကို ဖြန့်ချိပေးခဲ့ပြီး OnePlus Buds Support ပါလာပါတယ်။ အခုတော့ OnePlus 6 နဲ့ OnePlus 6T တို့အတွက် OxygenOS 10.3.5 Update ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး OnePlus Buds Support ရသွားပါပြီ။

OnePlus Buds Support အပြင် Update မှာ ဇူလိုင် Security Patch ပါလာပြီး GMS Package Level ကိုလည်း ၂၀၂၀ ခုနှစ် မေလအထိ တိုးမြှင့်ပေးလိုက်ပါတယ်။ ဒါ့အပြင် Update မှာ RAM Management ပိုကောင်းအောင် ပြုလုပ်ထားပြီး Bugs တချို့ကို ပြင်ဆင်ထားပါတယ်။ OxygenOS 10.3.5 ရဲ့ Changelog အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

Update ရဲ့ အရွယ်အစားဟာ 250MB ရှိပြီး OnePlus က User တချို့အတွက် စတင် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ကာ Bugs တွေ မတွေ့ရရင် နောက်ရက်အနည်းငယ်အတွင်းမှာ ပို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ Update ကို နိုင်ငံအလိုက် ဖြန့်ချိပေးတာ မဟုတ်ဘဲ Random ပေးနေတာ ဖြစ်တဲ့အတွက် VPN သုံးပြီး ရအောင်လုပ်လို့ မရပါဘူး။

Ref : gsmarena