Google ကနေ Android 11 Beta ကို ပြီးခဲ့တဲ့လတုန်းက Pixel ဖုန်းတွေအတွက် အစောဆုံးမိတ်ဆက်ခဲ့သလို ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကလည်း Android 11 Beta 2 Update ကို ထုတ်ပေးခဲ့ပါတယ်။ OnePlus အနေနဲ့လည်း Google ကနေ Android 11 Beta ထုတ်ပေးပြီး မကြာခင်မှာ Android 11 Beta Update ကို ထုတ်ပေးနိုင်ခဲ့ပါတယ်။

အခုအချိန်မှာလည်း OnePlus ကနေ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Flagship ဖုန်းတွေဖြစ်တဲ့ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေအတွက် Android 11 Developer Preview 2 ကို ထုတ်ပေးလိုက်ပါပြီ။ အဆိုပါ Android 11 Developer Preview 2 ဟာ Google ရဲ့ Android 11 Beta 2 ကိုပဲ အခြေခံထားတာဖြစ်ပါတယ်။

အဆိုပါ Beta 2 Update နဲ့အတူ Errors နဲ့ Bugs တွေလည်း အနည်းအကျဥ်းရှိနေသေးပြီးတော့ ဥပမာ Beta 2 Build ကို Flash တဲ့အချိန်မှာ Data တွေအကုန်ပျက်သွားတာ၊ UI Screen က ယခင်ကလောက် ကြည့်ရအဆင်မပြေတာ၊ Camera Function အချို့ အလုပ်မလုပ်နိုင်တာနဲ့ တခြားသော App တွေ၊ System Stability ပိုင်းမှာ အားနည်းချက်တွေရှိနေသေးတယ်လို့ သိရပါတယ်။

တကယ်လို့ OnePlus 8 နဲ့ 8 Pro ဖုန်းတွေကို အသုံးပြုနေပြီး Android 11 Beta 2 ကို စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ OnePlus Website ကနေ Beta Program ကို ဝင်ရောက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် Beta Preview အနေနဲ့ပဲ ထုတ်ထားတဲ့အတွက် အစောပိုင်းက သိရှိထားတဲ့ ပြဿနာတွေအပြင် တခြားသော Bugs တွေပါရှိနေနိုင်ပါတယ်။

Ref – GSM Arena