OnePlus 8 Series စမတ်ဖုန်းတွေဟာ လာမယ့် ဧပြီလအတွင်းမှာ တရားဝင်မိတ်ဆက်မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မိတ်ဆက်ဖို့ကို အချိန်လိုသေးပေမယ့် OnePlus 8 Pro လို့ ယူဆရတဲ့ဖုန်းရဲ့ ဓါတ်ပုံတွေပေါက်ကြားလာခဲ့ပါပြီ။
အဆိုပါ OnePlus 8 Pro ရဲ့ ဓါတ်ပုံတွေက ဖုန်းရဲ့ နောက်ကျောဘက်အပြင် အရှေ့ဘက် Display ပိုင်းပါ ပါဝင်နေပြီး OnePlus 8 Pro ရဲ့ Punch-hole Selfie Camera ကိုလည်း Display ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ တပ်ဆင်ထားတာကိုတွေ့ရပါတယ်။
ဘေးဘောင်တွေအနေနဲ့ဆိုရင်တော့ OnePlus 8 Pro ဖုန်းဟာ မနှစ်တုန်းက OnePlus 7 Pro နဲ့ ပိုဆင်တူနေပြီး နောက်ဖက် Camera Design အရလည်း ToF Depth Sensor ပါဝင်တာကလွဲရင် အတူတူပဲလို့တောင် ပြောနိုင်ပါတယ်။ အခုထွက်ပေါ်လာတဲ့ OnePlus 8 Pro ရဲ့ အရောင်က ခဲရောင်ဖြစ်ပြီးတော့ တကယ်ထွက်ရှိလာတဲ့အချိန်မှာတော့ တခြားအရောင်တွေပါ မိတ်ဆက်လာနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် လက်ရှိသတင်းတွေပေါက်ကြားထားတဲ့အတိုင်းဆိုရင် OnePlus 8 Pro ဟာ 6.65″ QHD+ AMOLED Display ကိုမှ 120Hz Refresh Rate အထိ Support ပေးမှာဖြစ်ပြီး Snapdragon 865 Processor ၊ RAM 12GB နဲ့ 50W Fast Charging အထိ Support ပြုလုပ်တဲ့ 4500mAh Battery ပါဝင်မှာဖြစ်ပါတယ်။
Ref – Gizmo China