OnePlus 8 Pro ဖုန်းဟာ အခုပထမနှစ်ဝက်အတွင်းထွက်ရှိခဲ့တဲ့ Flagship ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ အဆိုပါ OnePlus 8 Pro ဖုန်းတွေမှာ ပြဿနာတစ်ခုနဲ့ ကြုံတွေ့နေရတဲ့ပုံစံပါပဲ။

ဒါကတော့ OnePlus 8 Pro ဖုန်းနဲ့ Netflix လိုမျိုး Video Streaming Service တွေကနေ ရုပ်ရှင်ကြည့်မယ်ဆိုရင် အမြင့်ဆုံး HD Resolution အစား Standard Definition (SD) အနေနဲ့ပဲ ကြည့်ရှုနိုင်နေတာဖြစ်ပါတယ်။ ယခင်တုန်းက HD Resolution နဲ့ ကြည့်ရှုနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်း Software Update တွေအပြီးမှာ ပြောင်းလဲသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီလိုမျိုး ပြဿနာဖြစ်ရတာက Google ရဲ့ Video Streaming Protection Platform တစ်ခုဖြစ်တဲ့ Widevine System DRAM Platform ကြောင့်ဖြစ်ပါတယ်။ အဆိုပါ Widevine DRM Platform ဟာ Subscription ကြေးပေးပြီး ကြည့်ရှုရတဲ့ Video Content တွေကိုပဲ HD Resolution အပြည့် Support ပေးနိုင်အောင် ကာကွယ်ပေးတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Flagship နဲ့ Highend Mid Range ဖုန်းတွေမှာ အမြင့်ဆုံး HD Content တွေ Stream ပြုလုပ်နိုင်တဲ့ Widevine L1 Level ကို Support ပြုလုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် OxygenOS 10.5.5 နဲ့အထက် Software အသုံးပြုနေတဲ့သူအချို့ကတော့ အဆိုပါ Update တင်အပြီးမှာ HD Streaming ရတဲ့ L1 Security Level ကနေ SD Streaming ပဲရတဲ့ L3 Security Level အထိ ကျဆင်းသွားခဲ့တယ်လို့ ပြောကြားထားကြပါတယ်။

OnePlus အနေနဲ့ ယခုပြဿနာနဲ့ ပတ်သက်ပြီးပြန်လည်ဖြေရှင်းချက်ကိုတော့ မထုတ်ပြန်သေးပေမယ့် မကြာခင်မှာ Software Update နဲ့ပဲ ပြန်လည်ဖြေရှင်းသွားဖို့များနေပါတယ်။

Ref – Gizmo China