လာမယ့် ၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာမယ့် Flagship ဖုန်းတွေဟာ ပုံမှန်ထက်စောပြီး မိတ်ဆက်လာကြမှာဖြစ်ပါတယ်။ အစောဆုံးအနေနဲ့ Xiaomi Mi 11 Series နဲ့ Samsung Galaxy S21 Series တွေမိတ်ဆက်မှာဖြစ်သလို OnePlus 9 Series ကလည်း ပုံမှန်ထက် တစ်လစောပြီး မိတ်ဆက်လာမှာပါ။

အခုအချိန်မှာတော့ Pre-production OnePlus 9 လို့ ယူဆရတဲ့စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ OnePlus 9 ဖုန်းဟာ နောက်ဖက် Camera Design ကို သိသိသာသာပြောင်းလဲထားပြီး Dual Camera Sensor အကြီး ၂ လုံးအပြင် နောက်ထပ် Sensor တစ်လုံးကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။

နောက်ကျောဘက် Logo ကတော့ Pre-production ဖြစ်နေတဲ့အတွက် ပြောင်းလဲထားပြီး Glass Back ကိုပဲ ဆက်လက်အသုံးပြုထားတဲ့ပုံစံပါပဲ။ ဒါပေမယ့် Boot-up Screen မှာတော့ OnePlus 9 ဖုန်းဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ Flat Display ကိုမှ Single Punch-hole Selfie Camera ပါဝင်မှာဖြစ်ပြီး Android 11 နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ လက်ရှိပေါက်ကြားထားတဲ့သတင်းတွေအရ Qualcomm Snapdragon 888 Chipset အပြင် RAM 8GB ၊ 128GB Storage က အနိမ့်ဆုံးပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus 9 Series ကို လာမယ့် ဖေဖော်ဝါရီလကုန် သို့မဟုတ် မတ်လအတွင်းမှာ တရားဝင်မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref – 9to5Google