OnePlus က စွမ်းရည်မြင့် Ace 3 Pro ကို ကြေညာလိုက်ပြီး 6.78” 8T LTPO OLED FHD+ Display တပ်ဆင်ထားပါတယ်။ 1-120Hz Refresh Rate နဲ့ 4,500 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

OnePlus Ace 3 Pro

Snapdragon 8 Gen 3 Chipset မောင်းနှင်ထားပြီး 24GB LPDDR5X RAM နဲ့ 1TB UFS 4.0 Storage အထိ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။

OnePlus Ace 3 Pro announced – SD 8 Gen 3, up to 24GB RAM and 6,100 mAh battery

အလွန်ကြီးမားတဲ့ 6,100mAh Battery ပါလာပြီး OnePlus က ၄ နှစ်သုံးပြီးရင် မူလ ပမာဏရဲ့ ၈၀ ရာခိုင်နှုန်း ကျန်ဦးမယ်လို့ ပြောပါတယ်။ 100W SuperVOOC S Wired Charging ပါလာပြီး ၃၆ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး WiFi 7 နဲ့ Bluetooth 5.4 ပါပါတယ်။

OnePlus Ace 3 Pro အတွက် Porcelain White, Green Field နဲ့ Titanium Silver အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB ကို ၄၄၀ ဒေါ်လာနဲ့ 24GB RAM/1TB Storage ကို ၆၀၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena