OnePlus Ace 3V ကို ကြေညာလိုက်ပြီး Snapdragon 7+ Gen 3 Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ ဖုန်းမှာ ဒီဇိုင်း အသစ်ကို သုံးထားပြီး အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island မပါတော့ပါဘူး။ ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အရှေ့ဘက်ဟာလည်း ကွဲပြားသွားပြီး မျက်နှာပြင် အပြား ပါလာပါတယ်။

The OnePlus Ace 3V is the first with the SD 7+ Gen 3, packs a flat display and 100W charging

6.74” AMOLED 1240×2772 p မျက်နှာပြင် တပ်ထားပြီး 120Hz Refresh Rate နဲ့ 2,150 Nits Brightness ထောက်ပံ့ထားပါတယ်။ Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပြီး အနောက်ဘက်မှာ 50MP (OIS) နဲ့ 8MP Ultrawide ကင်မရာ ပါပါတယ်။ Main ကင်မရာဟာ EIS နဲ့ OIS ထောက်ပံ့ထားပါတယ်။

The OnePlus Ace 3V is the first with the SD 7+ Gen 3, packs a flat display and 100W charging

SD 7+ Gen 3 Chip နဲ့အတူ 12/16GB RAM (LPDDR5X) နဲ့ 256/512GB Storage (UFS 4.0) ထည့်သွင်းထားပြီး အပူချိန်လျှော့ချပေးတဲ့ အရွယ်ကြီး Vapor Chamber ပါပါတယ်။ Android 14 အခြေပြု Oxygen 14 / ColorOS 14 မောင်းနှင်ထားပါတယ်။

The OnePlus Ace 3V is the first with the SD 7+ Gen 3, packs a flat display and 100W charging

100W SuperVOOC S Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာပြီး ၂၆ မိနစ်နဲ့ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ IP65 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး တရုတ်မှာ ကြိုတင် ရောင်းချပေးလိုက်ပါပြီ။ 12/256GB ကို ယွမ် ၂,၀၀၀ ( ၂၈၀ ဒေါ်လာ)နဲ့ 12/512GB ကို ၂,၃၀၀ ယွမ်၊ 16/512GB ကို ၂,၆၀၀ ယွမ် သတ်မှတ်ထားပါတယ်။

The OnePlus Ace 3V is the first with the SD 7+ Gen 3, packs a flat display and 100W charging

Ref : gsmarena