OnePlus ရဲ့ True Wireless Earbuds လို့ပြောရင် OnePlus Buds အကြောင်းသတင်းတွေကို သတိရကြမယ်ထင်ပါတယ်။ AirPods နဲ့ ဒီဇိုင်းပုံစံချင်းတူညီတယ်လို့ မီဒီယာအတော်များများကလည်း သတ်မှတ်ပြောဆိုခဲ့ကြတဲ့ ဒီ Earbuds ကို ဇူလိုင်လထဲမှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

ကနဦးသတင်းတွေမှာတော့ OnePlus Buds ကို Mid-range စမတ်ဖုန်းဖြစ်တဲ့ OnePlus Nord နဲ့အတူ မိတ်ဆက်မယ်လို့ ဖော်ပြထားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် OnePlus Buds နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။ ဒီဇိုင်းပိုင်းမှာ AirPods နဲ့တူတယ်လို့ ဆိုနေကြပေမယ့် အခုအချိန်ထိ ပုံကြမ်းကိုပဲ တွေ့နေရသေးတာပါ။

OnePlus Buds ရဲ့ Case ဒီဇိုင်းကလည်း Google Pixel Buds 2 ရဲ့ Case ဒီဇိုင်းနဲ့ ဆင်တူတယ်လို့ ဆိုနေကြပေမယ့် ဒါကလည်း ပုံစံအစစ်အမှန်ကို မြင်တွေ့ရခြင်း မရှိသေးပါဘူး။ အခုလည်း Tipster တစ်ဦးဖြစ်တဲ့ Max J က OnePlus Buds နဲ့ပတ်သက်တဲ့ နောက်ထပ်အကြောင်းအရာသစ်တစ်ခုကို မျှဝေလိုက်တာကို တွေ့ရပြန်ပါတယ်။

Max J မျှဝေလိုက်တဲ့ OnePlus Buds ရဲ့ နောက်ထပ်ပုံရိပ်သစ်အရ ဒီ Buds ဟာ အနက်ရောင် In-ear ဒီဇိုင်းနဲ့ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ပုံသဏ္ဍာန်က လက်ရှိ OnePlus Bullets Wireless 2 နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး အလူမီနီယံ နောက်ပိတ်နဲ့ပဲ ဖြစ်ပါတယ်။ In-ear ဒီဇိုင်းဖြစ်တာကြောင့် Passive noise ကိုတော့ ဖယ်ထုတ်ပေးပြီးသား ဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ပြင်ပဆူညံသံတွေကိုတော့ တားဆီးပေးနိုင်ခြင်း ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

Ref: GSM Arena