OnePlus က အီတလီ နိုင်ငံ မီလန်မှာ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပွဲ တစ်ခု ကျင်းပပြီး Nord 4 စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ OnePlus က အဲဒီ ပွဲမှာ တခြား ထုတ်ကုန်တွေကိုပါ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

OnePlus confirms: Pad 2, Watch 2R, and Nord Buds 3 Pro launch with the Nord  4 on July 16 - GSMArena.com news

OnePlus က အဲဒီပွဲမှာ ထုတ်ကုန်အသစ်များစွာကို ကြေညာမှာ ဖြစ်ပါတယ်။ Nord 4 နဲ့အတူ OnePlus Pad 2 , OnePlus Watch 2R နဲ့ OnePlus Nord Buds 3 Pro တို့ကိုပါ မိတ်ဆက်မှာ ဖြစ်ပါတယ်။

OnePlus Pad 2, Nord Buds 3 Pro, Watch 2R to launch alongside Nord 4 on July  16th

Watch 2R ဟာ မကြာခင်က တရုတ်မှာ OnePlus Watch 2 အမည်နဲ့ ကြေညာထားတဲ့ စမတ်နာရီနဲ့ တူညီနိုင်ပါတယ်။ တက်ဘလက်ဟာ ပြီးခဲ့တဲ့ လက တရုတ်မှာ ကြေညာခဲ့တဲ့ OnePlus Pad Pro ကို အမည်ပြောင်းထားတာ ဖြစ်နိုင်ပါတယ်။

လက်ရှိမှာ Pad 2, Watch 2R နဲ့ Nord Buds 3 Pro တို့ရဲ့ သတင်းအချက်အလက်တွေကို များများစားစား မသိရသေးပါဘူး။ တရားဝင် ကြေညာမယ့်နေ့ မတိုင်ခင်မှာ အဲဒီ ထုတ်ကုန်တွေရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena