OnePlus ဟာ ပြီးခဲ့တဲ့နှစ်ဝက်လောက်တုန်းက OnePlus Nord 2 5G ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပြီး ကုမ္ပဏီအတွက် ဒုတိယမြောက် Mid Range ဖုန်းဖြစ်လာခဲ့ပါတယ်။ အခုလည်း အဆိုပါ OnePlus Nord 2 ကို အနည်းငယ်ပြောင်းလဲထားတဲ့ OnePlus Nord CE 2 5G ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

OnePlus ရဲ့ ပြောကြားချက်အရတော့ CE ဟာ Core Edition ကို ကိုယ်စားပြုထားတာဖြစ်ပြီး OnePlus Nord 2 5G မှာပါဝင်တဲ့ အဓိကအားသာချက်တွေနဲ့ပဲ ယခု Nord CE 2 5G ကို ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

OnePlus Nord CE 2 5G ဟာ Display ပိုင်းမှာ 6.43″ 90Hz AMOLED Display ပါဝင်မှာဖြစ်ပြီး Performance ပိုင်းမှာတော့ MediaTek ရဲ့ Dimensity 900 5G Chipset ကို အသုံးပြုထားတယ်လို့သိရပါတယ်။ RAM အနေနဲ့ကတော့ 6GB သို့မဟုတ် 8GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး Storage ကတော့ 128GB ပဲပါဝင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 64MP Primary Sensor ၊ 8MP Ultrawide နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကိုအသုံးပြုထားပြီး Selfie Camera ကိုတော့ 16MP Sensor ပဲ အသုံးပြုထားခဲ့တာဖြစ်ပါတယ်။ Battery ပိုင်းမှာတော့ 4500mAh Battery ကိုမှာ 65W SuperVOOC Fast Charging ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

Software ပိုင်းအနေနဲ့ကတော့ OnePlus Nord CE 2 5G ဖုန်းဟာ Android 11 ကို အခြေခံထားတဲ့ OxygenOS 11.3 ကို အသုံးပြုထားတယ်လို့သိရပါတယ်။ အရောင်အနေနဲ့ကတော့ Gray Mirror သို့မဟုတ် Bahama Blue ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ €349 (မြန်မာငွေ ၇ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena