OnePlus က ကုမ္ပဏီရဲ့ ပထမဆုံး စွမ်းရည်သင့် ဖုန်း ဖြစ်တဲ့ Nord ကို မကြာခင်ကမှ ကြေညာထားပြီး အနောက်ကင်မရာ ၄ လုံးနဲ့ Snapdragon 765G ထည့်ထားပါတယ်။ အခုတော့ OnePlus Nord ဟာ Brightness လျှော့ထားတဲ့ အချိန်တွေမှာ မျက်နှာပြင် အရောင် ပြောင်းတဲ့ ပြဿနာ ဖြစ်ပွားနေတယ်လို့ သတင်းထွက်လာပါတယ်။ OnePlus ရဲ့ ဖုန်းတွေမှာ မျက်နှာပြင် ပြဿနာ အမြဲဖြစ်ပွားလေ့ရှိတာက မဆန်းတော့ပါဘူး။

မကြာခင်က ရောင်းချထားတဲ့ OnePlus 8 Pro မှာလည်း မျက်နှာပြင် ပြဿနာ တက်ခဲ့ပါသေးတယ်။ OnePlus ရဲ့ ဒီနှစ်ထုတ် ဖုန်းတွေမှာ မျက်နှာပြင် ပြဿနာတွေ ရှိနေခဲ့ပြီး တိုက်ဆိုင်တာက Brightness လျှော့ထားတဲ့အချိန်တွေမှာ ဖြစ်နေတာပါ။ OnePlus Nord ပိုင်ရှင်တချို့က အဲဒီ ပြဿနာ ဖြစ်နေတာကို OnePlus Community နဲ့ Reddit မှာ မျှဝေနေကြပြီး Brightness ကို ၂၅ ရာခိုင်နှုန်းအောက် လျှော့ချထားချိန်မှာ အရောင်ပြောင်းသွားတယ်လို့ သိရပါတယ်။ 9to5Google က ခရမ်းရောင် သမ်းသွားတယ်လို့ ပြောပါတယ်။

OnePlus က ဒီကိစ္စကို ဖြေရှင်းပေးမယ်လို့ မပြောသေးဘဲ AMOLED မျက်နှာပြင်ကြောင့်လို့ ပြောပါတယ်။ OnePlus က 8 Pro မှာ ဒီပြဿနာကို ဖြေရှင်းဖို့ Brightness Level ကို လျှော့ချတာကို ကန့်သတ်ခဲ့ပါတယ်။ OnePlus Nord မှာလည်း အဲဒီလို လုပ်ပေးမယ်လို့ ထင်ပြီး မကြာခင်မှာ Software Update ထုတ်ပေးနိုင်ပါတယ်။

Ref : gizchina