OnePlus က တရုတ်မှာ ဒီလ ၂၇ ရက်နေ့မှာ Snapdragon 8 Gen 3 ပါတဲ့ OnePlus Ace 3 Pro ကို ကြေညာမှာပါ။  အဲဒီဖုန်းနဲ့အတူ OnePlus Pad Pro , OnePlus Watch 3 နဲ့ OnePlus Buds 3 TWS နားကြပ်ကိုပါ မိတ်ဆက်နိုင်ပါတယ်။ OnePlus က Pad Pro ရဲ့ ဓါတ်ပုံကို မျှဝေထားပြီး ဒီဇိုင်းနဲ့ အရောင်ကို တွေ့ရပါတယ်။

OnePlus Pad Go India Launch Date Set For October 6, Design Officially  Revealed | Technology News

OnePlus Pad Pro ရဲ့ ဒီဇိုင်းဟာ အရင်နှစ်က ကြေညာခဲ့တဲ့ မူလ OnePlus Pad နဲ့ တူညီပါတယ်။ Display ပတ်လည်က ဘောင်တွေက ပါးလွှာပြီး အနောက်ဘက်မှာ ကင်မရာနဲ့ LED Flash ထည့်ထားတဲ့ စက်ဝိုင်းပုံ Module ပါပါတယ်။

OnePlus Pad 2 with Snapdragon 8 Gen 3 surfaces in benchmarks

သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Khaki Green နဲ့ Space Grey အရောင်တွေ ထုတ်လုပ်ထားပါတယ်။ OnePlus Pencil နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ Keyboard Accessory ကို အဆင့်မြှင့်ထားပြီး ကြီးမားတဲ့ Touchpad ပါလာမှာပါ။

ပေါက်ကြားသတင်းအရ OnePlus Pad Pro ဟာ Snapdragon 8 Gen 3 ပါတဲ့ ပထမဆုံး တက်ဘလက် ဖြစ်လာမှာပါ။ 12.1” LCD 3K Display , 144Hz Refresh Rate ပါလာနိုင်ပြီး 16GB RAM , 512GB Storage နဲ့ 67W Charging ထောက်ပံ့တဲ့ 9,510mAh Battery ထည့်ထားမှာပါ။ အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 13MP ကင်မရာ ပါလာနိုင်ပါတယ်။ 8GB+128GB, 8GB+256GB, 12GB+256GB နဲ့ 16GB+512GB မော်ဒယ်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gizmochina