OnePlus ကနေ ထုတ်လုပ်နေတဲ့စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးလို့တောင်ပြောနိုင်သလို Display ပိုင်းမှာလည်း အရည်အသွေးမြင့်မားတဲ့ OLED Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း OnePlus ဖုန်းတွေရဲ့ Software ဖြစ်တဲ့ OxygenOS မှာတော့ အားနည်းချက်တစ်ခုရှိနေပါတယ်။

အဲ့ဒါကတော့ လက်ရှိအချိန်အထိ OnePlus စမတ်ဖုန်းတွေမှာ Always-on Display Feature ကို အသုံးပြုနိုင်ခြင်းမရှိသေးတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် တခြားသော Android Flagship စမတ်ဖုန်းတွေနဲ့ယှဥ်မယ်ဆိုရင် ဒီလိုမျိုး OLED Display ကို အသုံးပြုထားပေမယ့် Always-on Display မပါတာက ထူးခြားနေပါတယ်။

OnePlus ယခင်တုန်းကတော့ အဆိုပါ Always-on Display ကို OxygenOS Update မှာထည့်သွင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ ပြောကြားခဲ့ပြီး အခုအချိန်မှာတော့ OnePlus ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် အချိန်ကိုပါ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ OnePlus ကနေ လာမယ့်ဇွန်လဝန်းကျင်မှာ Always-on Display အတွက် Development ပြုလုပ်နေမှုကို အပြီးသတ်မှာဖြစ်ပြီး Beta Test တွေအနေနဲ့ လာမယ့် သြဂုတ် သို့မဟုတ် စက်တင်ဘာလအတွင်းမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဖြစ်နိုင်တာတစ်ခုကတော့ OnePlus ကနေ နှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ OnePlus 8T Series ဖုန်းတွေမှာပဲ Android 11 ကို အခြေခံထားတဲ့ OxygenOS Update နဲ့အတူ ယခု Always-on Feature ကို ထည့်သွင်းလာဖို့များနေပါတယ်။

Always-on Display Feature အပြင် Gallery App က Hidden Pictures တွေအတွက် Fingerprint Lock ၊ Battery အားပြည့်သွားရင် အသံမြည်တဲ့ Feature အသစ်တွေကိုပါ ထည့်သွင်းပေးသွားဖို့ရှိနေတယ်လို့သိရပါတယ်။

Ref – Droid Life