CEO Pete Lau က OxygenOS 11 မှာ ပါလာမယ့် Always On Display Design ကို သရုပ်ပြထားတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ OnePlus ဟာ ဖုန်း Sleep ဖြစ်တဲ့အချိန်မှာ Display ရဲ့ အလုပ်လုပ်ပုံကို ဖန်တီးဖို့အတွက် Parsons School of Design နဲ့ ပူးပေါင်းထားပါတယ်။

Featured Design ကို Time လို့ နာမည်ပေးထားပြီး တကယ်တော့ Timeline ဖြစ်ပါတယ်။ သင် ဖုန်း သုံးတဲ့အချိန်တိုင်းကို မှတ်သားပေးထားပြီး Always On Display ကနေ သင့်ကို အသိပေးနေမှာ ဖြစ်ပါတယ်။

OxygenOS 11 မှာ Interface ကို ဆန်းသစ်ထားမှာ ဖြစ်ပါတယ်။ Lau က Asymmetric Design လို့ သုံးနှုန်းပြီး Magazine လို Design ဖြစ်တယ်လို့ ပြောပါတယ်။ Dark Mode ကိုလည်း နယ်သာလန် ဒီဇိုင်း ကျောင်းသား Leandroo Li Anzhu နဲ့ ပူးပေါင်း ဖန်တီးထားပါတယ်။ Lau က Dark Mode ဟာ နောက်ခံကို အနက်ရောင် ပြုလုပ်တာထက်ပိုသင့်ပြီး အလွှာတွေ ထည့်သွင်းထားသင့်တယ်လို့ ပြောပါတယ်။

Android 11 အခြေပြု OxygenOS 11 ကို OnePlus 6 နဲ့သူ့အထက် မော်ဒယ်အားလုံးအတွက် ဖြန့်ချိပေးမှာ ဖြစ်ပြီး Always On Display လုပ်ဆောင်ချက်ကို ဖုန်း အသစ်တွေမှာပဲ ရမလားဆိုတာ ကုမ္ပဏီက မပြောသေးပါဘူး။

Ref : gsmarena