OnePlus ကနေ လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ OnePlus 8T ဖုန်းကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ OnePlus 8T စမတ်ဖုန်းမှာ 4500mAh Battery အပြင် 65W Fast Charging ပါဝင်မယ်ဆိုတာကိုပါ အတည်ပြုပြီးဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုမျိုး OnePlus 8T ကို မမိတ်ဆက်ခင်မှာ ယခုနှစ်အစောပိုင်းမှာ ထွက်ရှိထားတဲ့ OnePlus 8 Series ဖုန်းတွေကို စျေးချလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် OnePlus 8 Pro ဖုန်းရဲ့ RAM 8GB Version က $899 ကနေ $799 ကို ကျဆင်းသွားတဲ့အပြင် RAM 12GB +256GB Version ကလည်း $899 ပဲရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

OnePlus 8 အနေနဲ့ကတော့ RAM 8 + 128GB Version က $699 ကနေ $599 ကို စျေးကျသွားသလို RAM 12GB + 256GB Version ကိုလည်း $799 ကနေ $699 အထိ စျေးချပြီး ရောင်းချနေပြီလို့ သိရပါတယ်။ အခုလိုမျိုး OnePlus 8 Series ဖုန်းတွေကို စျေးချလိုက်တာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မိတ်ဆက်ထားတဲ့ Samsung Galaxy S20 FE ကို ယှဥ်ပြိုင်ဖို့အတွက် ဖြစ်နိုင်ခြေများနေပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus 8T ဖုန်းရဲ့ စျေးနှုန်းကို အတိအကျသိရှိရခြင်းမရှိသေးပေမယ့် OnePlus 8 Series ဖုန်းတွေကို သဘောကျတယ်ဆိုရင် အခုအချိန်က ဝယ်ယူသင့်တဲ့အချိန်ဖြစ်နေပြီလို့ ပြောရမှာပါ။

Ref – Gizmo China