[Unicode]

OnePlus စီအီးအို Pete Lau က နောက်ထုတ်မယ့် စမတ်ဖုန်း Display ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက Tease လုပ်ခဲ့ပါတယ်။ နောက်မျိုးဆက် စွမ်းရည်မြင့် OnePlus ဖုန်းမှာ 120Hz Fluid Display ပါလာမှာဖြစ်ပြီး ရုပ်ရှင်၊ ဗီဒီယိုနဲ့ ဂိမ်းတွေ ကြည့်ရှု ကစားသူတွေအတွက် မြင့်မားတဲ့ Frame Rate တွေကို ပံ့ပိုးပေးနိုင်ပါတယ်။ အခုတော့ Lau က OnePlus 8 Pro မှာ Motion Interpolation ပါမယ်လို့ တွစ်တာမှာ မျှဝေလိုက်ပါတယ်။

ဒီနည်းပညာကြောင့် User တွေဟာ 30fps နဲ့ 60fps Video တွေကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပြီး 8 Pro ရဲ့ MEMC Chip က မြင့်မားတဲ့ Frame Rate ပံ့ပိုးပေးဖို့ Frames တွေ ပိုများအောင် ဖန်တီးပေးနိုင်ပါတယ်။ ဒီနည်းပညာကို စွမ်းရည်မြင့် တီဗီတွေမှာ ထည့်သွင်းပေးထားကြပြီး Frame Rate ပြောင်းလဲတာကြောင့် ကြည့်သူတွေဟာ အတွေ့အကြုံ အသစ်တွေ ရရှိစေနိုင်ပါတယ်။

Lau က 120Hz Fluid Display ကို သမားရိုးကျ 60Hz Screen တွေနဲ့ မနေ့ကပဲ နှိုင်းယှဉ်ပြသခဲ့ပါတယ်။ Devices ၂ ခုမှာ 60Hz Screen ကို တိကျစွာ နှိုင်းယှဉ် စမ်းသပ်ဖို့အတွက် ဗီဒီယိုကို 30fps ကို နှိမ့်ချခဲ့ရပါတယ်။

OnePlus 8 Pro မှာ OnePlus 7 Pro မှာလို Hole-punch Selfie Camera နဲ့ Quad-camera တွေ ပါလာမယ်လို့ထင်ရပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ OnePlus 8 Pro မှာ Snapdragon 865 Chipset, 12GB RAM နဲ့ နောက်ဆုံးထုတ် Oxygen OS ပါလာမှာပါ။ OnePlus 8 Series တွေကို ကြေညာမယ့် အချိန်ကို တရားဝင် မသိရသေးပေမယ့် မေလလောက်မှာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

OnePlus က Fluid Display အတြက္ 120Hz Motion Smoothing ကို Tease လုပ္

OnePlus စီအီးအို Pete Lau က ေနာက္ထုတ္မယ့္ စမတ္ဖုန္း Display ကို ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက Tease လုပ္ခဲ့ပါတယ္။ ေနာက္မ်ိဳးဆက္ စြမ္းရည္ျမင့္ OnePlus ဖုန္းမွာ 120Hz Fluid Display ပါလာမွာျဖစ္ၿပီး ႐ုပ္ရွင္၊ ဗီဒီယိုနဲ႔ ဂိမ္းေတြ ၾကည့္ရႈ ကစားသူေတြအတြက္ ျမင့္မားတဲ့ Frame Rate ေတြကို ပံ့ပိုးေပးႏိုင္ပါတယ္။ အခုေတာ့ Lau က OnePlus 8 Pro မွာ Motion Interpolation ပါမယ္လို႔ တြစ္တာမွာ မွ်ေဝလိုက္ပါတယ္။

ဒီနည္းပညာေၾကာင့္ User ေတြဟာ 30fps နဲ႔ 60fps Video ေတြကို ၾကည့္ရႈခံစားႏိုင္မွာ ျဖစ္ၿပီး 8 Pro ရဲ႕ MEMC Chip က ျမင့္မားတဲ့ Frame Rate ပံ့ပိုးေပးဖို႔ Frames ေတြ ပိုမ်ားေအာင္ ဖန္တီးေပးႏိုင္ပါတယ္။ ဒီနည္းပညာကို စြမ္းရည္ျမင့္ တီဗီေတြမွာ ထည့္သြင္းေပးထားၾကၿပီး Frame Rate ေျပာင္းလဲတာေၾကာင့္ ၾကည့္သူေတြဟာ အေတြ႕အႀကဳံ အသစ္ေတြ ရရွိေစႏိုင္ပါတယ္။

Lau က 120Hz Fluid Display ကို သမား႐ိုးက် 60Hz Screen ေတြနဲ႔ မေန႔ကပဲ ႏႈိင္းယွဥ္ျပသခဲ့ပါတယ္။ Devices ၂ ခုမွာ 60Hz Screen ကို တိက်စြာ ႏႈိင္းယွဥ္ စမ္းသပ္ဖို႔အတြက္ ဗီဒီယိုကို 30fps ကို ႏွိမ့္ခ်ခဲ့ရပါတယ္။

OnePlus 8 Pro မွာ OnePlus 7 Pro မွာလို Hole-punch Selfie Camera နဲ႔ Quad-camera ေတြ ပါလာမယ္လို႔ထင္ရပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းအရ OnePlus 8 Pro မွာ Snapdragon 865 Chipset, 12GB RAM နဲ႔ ေနာက္ဆုံးထုတ္ Oxygen OS ပါလာမွာပါ။ OnePlus 8 Series ေတြကို ေၾကညာမယ့္ အခ်ိန္ကို တရားဝင္ မသိရေသးေပမယ့္ ေမလေလာက္မွာ ျဖစ္ႏိုင္ပါတယ္။

Ref : gsmarena