Google ကနေ Android 10 မှာ System-wide Dark Mode ကို စတင်ထည့်သွင်းခဲ့ပြီးတော့ အခုဆိုရင် စမတ်ဖုန်းတော်တော်များများမှာ Dark Mode ကိုအသုံးပြုနိုင်ပြီ ပြောလို့ရပါတယ်။
ဒီလိုမျိုး Android 10 ရဲ့ System-wide Dark Mode ကို OnePlus စမတ်ဖုန်းတွေမှာလည်း အသုံးပြုလို့ရနေပြီဆိုပေမယ့် OnePlus ကနေ ကြည့်ရတာပိုကောင်းတဲ့ Dark Mode ကိုပါ စမ်းသပ်နေတယ်လို့ ယူဆရပါတယ်။ ဒါကတော့ System App တွေအပြင် Android 10 ရဲ့ Dark Mode ကို Support မပေးတဲ့ App တွေမှာပါ Dark Mode ရရှိအောင် ဆောင်ရွက်နေတာပါ။
ဒါကတော့ လက်ရှိ OnePlus 7 နဲ့ OnePlus 7 Pro ဖုန်းတွေအတွက် ထွက်ရှိထားတဲ့ နောက်ဆုံး OxygenOS Open Beta 11 ရဲ့ Setting ထဲမှာတွေ့ရှိခဲ့ရတာဖြစ်ပြီး လောလောဆယ်မှာတော့ အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ “Enable dark tone in more apps” ဆိုပြီး Setting ထဲမှာ ရှိလာနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် OnePlus ဖုန်းတွေမှာသာ အခု Feature ရရှိလာမယ်ဆိုရင် Dark Mode ရရှိသေးခြင်းမရှိသေးတဲ့ Facebook App လိုမျိုး Application တွေမှာပါ Dark Mode ကို အသုံးပြုလာနိုင်ဖို့ များနေပါပြီ။
Ref – XDA-Developers