OnePlus ကနေ ယခုနှစ်အစောပိုင်းမှာ OnePlus 8 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားခဲ့ပေမယ့် သတင်းတွေပေါက်ကြားခဲ့ဖူးတဲ့ OnePlus True Wireless Earbuds ကိုတော့ မိတ်ဆက်သွားခြင်းမရှိခဲ့ပါဘူး။ အဲ့ဒီအစား စျေးသက်သာတဲ့ Nechband Earbuds ဖြစ်တဲ့ Bullet Wireless Z ကိုပဲ မိတ်ဆက်ခဲ့ပါတယ်။

အခုလည်း OnePlus ရဲ့ ပထမဆုံး True Wireless Earbuds တွေ မိတ်ဆက်မယ့်အချိန်နဲ့ Design ပုံစံတွေက ပေါက်ကြားလာခဲ့ပြန်ပါတယ်။ အဆိုပါသတင်းအရ OnePlus ကနေ True Wireless Earbuds အသစ်ကို လာမယ့် ဇူလိုင်လဝန်းကျင်မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ဒီလိုမျိုး ဇူလိုင်လမှာမိတ်ဆက်သွားမယ့်အတွက်ဖြစ်နိုင်တာက OnePlus ရဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာမယ့် OnePlus Z နဲ့အတူတွဲပြီး ထွက်ရှိလာဖို့များနေပါတယ်။ ဘာပဲဖြစ်ဖြစ် OnePlus 8T စမတ်ဖုန်းတွေမထွက်ရှိခင်မှာ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Design ပိုင်းအနေနဲ့ကတော့ Earbuds တွေက Apple AirPods တွေနဲ့ဆင်တူပြီးတော့ AirPods လိုမျိုးပဲ Silicon Ear-tips ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက်ဖြစ်နိုင်တာက OnePlus True Wireless Earbuds တွေဟာ OPPO ကနေ ထုတ်လုပ်ထားတဲ့ Enco Free Earbuds တွေနဲ့ပိုပြီး ဆင်တူနေနိုင်ပါတယ်။ Case Design ကတော့ ဘဲဥပုံစံပြုလုပ်ထားပြီး Google Pixel Buds 2 ရဲ့ Case Design နဲ့ ဆင်တူနေပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus True Wireless Earbuds အသစ်တွေဟာ စျေးနှုန်းအနေနဲ့တော့ တခြားပြိုင်ဘက်တွေဖြစ်တဲ့ Apple AirPods ၊ Samsung Galaxy Buds+ နဲ့ Google Pixel Buds တို့ထက် ပိုသက်သာနိုင်ပြီး Quality ပိုင်းအရ ဘယ်လိုရှိမလဲဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပါ။

Ref – 9to5Google