OnePlus ရဲ့ CEO Pete Lau ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက OnePlus 8 နဲ့ 8 Pro ဖုန်းတွေမှာ 5G ကို Support ပြုလုပ်လာမယ်ဆိုတာကို အတည်ပြုသွားခဲ့ပါတယ်။ အခုလည်း OnePlus ကနေ 5G နဲ့ပတ်သက်ပြီး အစီအစဥ်တွေကို သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ပြီး ပြောကြားသွားခဲ့ပါတယ်။
အခုပြောကြားမှုမှာတော့ OnePlus CEO Pete Lau ကနေ ကုမ္ပဏီကနေ 5G နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်တွေထဲက ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ခဲ့သလို အခုလည်း 5G Research & Development အတွက် ဒေါ်လာ သန်း ၃၀ ခန့်ရင်းနှီးမြုပ်နှံသွားမယ်လို့ သိရပါတယ်။ ဒီရင်းနှီးမြုပ်နှံမှုကနေ နောက်ပိုင်းမှာ Cloud Gaming ၊ Cloud Video နဲ့ Cloud Storage Device တွေအထိ ရည်ရွယ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
OnePlus ကုမ္ပဏီရဲ့ 5G Labs အနေနဲ့ကတော့ OnePlus Device တွေမှာပိုပြီးကောင်းမွန်တဲ့ User Experience ရရှိအောင် အဓိကထားသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် RF Circuits ၊ Antenna နဲ့ Camera ၊ Audio နဲ့ Display လိုမျိုး Multimedia တွေအပေါ်ကို ပိုပြီးအာရုံစိုက်သွားမှာပါ။
အခုလိုမျိုး OnePlus ကနေ 5G ကိုလုံးဝအားကုန်စိုက်ထုတ်ပြီး Support ပေးနေတာက နောက်ပိုင်း Devices တွေကို အသုံးပြုတဲ့အချိန်မှာ ပိုမိုအဆင်ပြေစေဖို့ပဲရည်ရွယ်ထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း OnePlus 8 နဲ့ 8 Pro ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားဖို့ရှိတဲ့အတွက် ဒီနှစ်အတွက် OnePlus က လုံးဝ 5G ကိုပဲ ကူးပြောင်းသွားဖွယ်ရှိနေပါတယ်။
Ref – GSM Arena