Zawgyi

Google ကေန Android Update ေတြကို ဆက္တိုက္ထုတ္ေပးေနတယ္ဆိုေပမယ့္ အဆိုပါ Update ေတြကို အေစာဆုံးရတာက Google ရဲ႕ ကိုယ္ပိုင္ Pixel စမတ္ဖုန္းေတြကလြဲၿပီး တျခားေသာ စမတ္ဖုန္းထုတ္လုပ္သူေတြက အခ်ိန္တစ္ခုၾကာမွ Update လုပ္ႏိုင္တာလည္းျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Google ကေန Pixel စမတ္ဖုန္းေတြအတြက္ Android 10 Update ကို လာမယ့္ စက္တင္ဘာလ ၃ ရက္ေန႔မွာ ထုတ္ေပးေတာ့မယ္လို႔ သတင္းေတြထြက္ေနၿပီပဲျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ Google တင္မဟုတ္ဘဲ တျခား စမတ္ဖုန္း ထုတ္လုပ္သူတစ္ဦးကပါ Pixel ဖုန္းေတြနဲ႔အၿပိဳင္ တစ္ခ်ိန္ထဲမွာ Android 10 Update ကို ထုတ္ေပးေတာ့မယ့္ပုံပါပဲ။

အဆိုပါ စမတ္ဖုန္းထုတ္လုပ္သူကေတာ့ လက္ရွိမွာ Flagship Killer ဆိုၿပီး နာမည္ႀကီးေနတဲ့ OnePlus ပဲျဖစ္ပါတယ္။ အခုသတင္းကလည္း OnePlus အသုံးျပဳသူတစ္ေယာက္က OnePlus Customer Support ကို ေမးတဲ့ေမးခြန္းကို ျပန္လည္ေျဖၾကားခဲ့တာကေန ေပါက္ၾကားလာခဲ့တာပါ။ OnePlus က ဒီ Android 10 Update Stable Version ကို Google နဲ႔ တစ္ရက္ထဲ ထုတ္ေပးႏိုင္ဖို႔ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

OnePlus ဖုန္းေတြမွာ အသုံးျပဳတဲ့ OxygenOS ဟာ Pure Android နဲ႔ ဆင္တူတယ္ဆိုေပမယ့္ တခ်ိဳ႕ေသာ Feature ေတြနဲ႔ Customization ေတြမွာေတာ့ အနည္းငယ္ကြာျခားတာပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာလည္း OnePlus အေနနဲ႔ Android 10 Beta Update ေတြကို ထုတ္ေပးေနတယ္ဆိုေပမယ့္ Google Pixel ဖုန္းေတြနဲ႔ လုံးဝအတူတူမထုတ္ေပးႏိုင္ေသးတဲ့အတြက္ Android 10 Stable Version ကို Pixel ဖုန္းေတြနဲ႔အၿပိဳင္ထုတ္ေပးႏိုင္ဖို႔က ခက္ခဲတဲ့အရာတစ္ခုျဖစ္ေနဦးမွာပါ။

ဒါမွမဟုတ္ တကယ္သာ Pixel ဖုန္းေတြနဲ႔ တစ္ရက္ထဲ Android 10 Stable Update ကို ထုတ္ေပးႏိုင္တယ္ဆိုရင္ေတာ့ OnePlus ရဲ႕ Software Update ကေတာ့ တကယ္ကို အထင္ႀကီးစရာျဖစ္သြားပါၿပီ။

Ref – Gizmo China

Unicode

Google ကနေ Android Update တွေကို ဆက်တိုက်ထုတ်ပေးနေတယ်ဆိုပေမယ့် အဆိုပါ Update တွေကို အစောဆုံးရတာက Google ရဲ့ ကိုယ်ပိုင် Pixel စမတ်ဖုန်းတွေကလွဲပြီး တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေက အချိန်တစ်ခုကြာမှ Update လုပ်နိုင်တာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ Pixel စမတ်ဖုန်းတွေအတွက် Android 10 Update ကို လာမယ့် စက်တင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပေးတော့မယ်လို့ သတင်းတွေထွက်နေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ Google တင်မဟုတ်ဘဲ တခြား စမတ်ဖုန်း ထုတ်လုပ်သူတစ်ဦးကပါ Pixel ဖုန်းတွေနဲ့အပြိုင် တစ်ချိန်ထဲမှာ Android 10 Update ကို ထုတ်ပေးတော့မယ့်ပုံပါပဲ။

အဆိုပါ စမတ်ဖုန်းထုတ်လုပ်သူကတော့ လက်ရှိမှာ Flagship Killer ဆိုပြီး နာမည်ကြီးနေတဲ့ OnePlus ပဲဖြစ်ပါတယ်။ အခုသတင်းကလည်း OnePlus အသုံးပြုသူတစ်ယောက်က OnePlus Customer Support ကို မေးတဲ့မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာကနေ ပေါက်ကြားလာခဲ့တာပါ။ OnePlus က ဒီ Android 10 Update Stable Version ကို Google နဲ့ တစ်ရက်ထဲ ထုတ်ပေးနိုင်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

OnePlus ဖုန်းတွေမှာ အသုံးပြုတဲ့ OxygenOS ဟာ Pure Android နဲ့ ဆင်တူတယ်ဆိုပေမယ့် တချို့သော Feature တွေနဲ့ Customization တွေမှာတော့ အနည်းငယ်ကွာခြားတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း OnePlus အနေနဲ့ Android 10 Beta Update တွေကို ထုတ်ပေးနေတယ်ဆိုပေမယ့် Google Pixel ဖုန်းတွေနဲ့ လုံးဝအတူတူမထုတ်ပေးနိုင်သေးတဲ့အတွက် Android 10 Stable Version ကို Pixel ဖုန်းတွေနဲ့အပြိုင်ထုတ်ပေးနိုင်ဖို့က ခက်ခဲတဲ့အရာတစ်ခုဖြစ်နေဦးမှာပါ။

ဒါမှမဟုတ် တကယ်သာ Pixel ဖုန်းတွေနဲ့ တစ်ရက်ထဲ Android 10 Stable Update ကို ထုတ်ပေးနိုင်တယ်ဆိုရင်တော့ OnePlus ရဲ့ Software Update ကတော့ တကယ်ကို အထင်ကြီးစရာဖြစ်သွားပါပြီ။

Ref – Gizmo China