မောင်းသူမဲ့ ကားနည်းပညာဟာ အလျှင်အမြန်နဲ့ တိုးတက်လာနေပါတယ်။ Tesla, BYD နဲ့ Xpeng အပါအဝင် ကုမ္ပဏီများစွာဟာ မောင်းသူမဲ့ ကားတွေကို အပြိုင်အဆိုင် တီထွင်နေကြပါတယ်။ အဲဒီ ကားတွေဟာ အနာဂတ်မှာ လူသားတွေအတွက် အကျိုးရှိစေမှာ ဖြစ်ပေမယ့် လက်ရှိမှာ အားနည်းချက်တွေ ရှိနေပါသေးတယ်။

Cruise Autonomous vehicle gets stuck in wet concrete while driving in San Francisco. - YouTube

General Motors ပိုင်တဲ့ Cruise ကုမ္ပဏီဟာလည်း မောင်းသူမဲ့ ကားတွေကို စမ်းသပ်နေတာ ကြာပါပြီ။ အခုတော့ Cruise ရဲ့ မောင်းသူမဲ့ ကားတစ်စီးဟာ ဆန်ဖရန်စစ္စကိုမှာ မခြောက်သေးတဲ့ ကွန်ကရစ်ထဲကို ဆင်းသွားပါတယ်။

ကံကောင်းတာက ကားထဲမှာ ခရီးသည်တစ်ယောက်မှ မပါလာပါဘူး။ ကုမ္ပဏီက အဲဒီကားကို ကွန်ကရစ်ထဲကနေဆယ်ထုတ်ပြီးပါပြီ။

Cruise ဟာ General Motors ပိုင်တဲ့ မောင်းသူမဲ့ ကား ကုမ္ပဏီ ဖြစ်ပြီး မောင်းသူမဲ့ တက္ကစီတွေကို ဖန်တီးနေတာ ဖြစ်ပါတယ်။ Cruise ဟာ ၂၀၁၆ ခုနှစ်က စတင်ကာ ဆန်ဖရန်စစ္စကိုမှာ မောင်းသူမဲ့ ကားတွေကို စမ်းသပ်နေတာ ဖြစ်ပြီး ဖီးနစ်နဲ့ အော်စတင်မှာ စမ်းသပ်ခွင့် ရထားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကပဲ ကယ်လီဖိုးနီးယား အာဏာပိုင်တွေက Cruise လို ကုမ္ပဏီတွေရဲ့ မောင်းသူမဲ့ ကားတွေကို လမ်းမတွေပေါ်မှာ အချိန်မရွေး မောင်းနှင်ခွင့်ပေးခဲ့ပါတယ်။

Cruise driverless car gets stuck in wet concrete in San Francisco as overjoyed construction worker says it 'illustrates how creepy and weird the whole thing is' | Daily Mail Online

ဒါဟာ ကုမ္ပဏီတွေအတွက် အခွင့်အလမ်းကောင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံတွေနဲ့ ရဲတွေလို လူတချို့က မောင်းသူမဲ့ ကားတွေကြောင့် အန္တရာယ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

မကြာခင်က Cruise ရဲ့ ကားတွေဟာ Vallejo လမ်းမှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်စေခဲ့ပြီး Cruise က ဖုန်းလိုင်း ပြဿနာကြောင့်လို့ ပြောပါတယ်။ လက်ရှိမှာ မောင်းသူမဲ့ ကားတွေမှာ ပြဿနာတွေ ရှိနေသေးပေမယ့် အနာဂတ်မှာ လူသားတွေအတွက် အသုံးဝင်လာမှာပါ။

Ref: gizmochina