ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအခြေအနေကို လေ့လာစစ်ဆေးပြီးနောက် OpenAI ဟာ ၂၀၂၇ ခုနှစ် နှစ်လယ်လောက်မှာ လက်ထဲကငွေ  ကုန်သွားနိုင်တယ်လို့ လေ့လာသူတစ်ဦးက သုံးသပ်ပြောကြားလိုက်ပါတယ်။

Sam Altman Admits That OpenAI Doesn't Actually Understand How Its AI Works

မနှစ်က ထွက်ပေါ်ခဲ့တဲ့ ပြင်ပအစီရင်ခံစာတစ်ခုအရ OpenAI ဟာ ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၈ ဘီလီယံ သုံးစွဲဖွယ်ရှိပြီး ၂၀၂၈ ခုနှစ်အရောက်မှာတော့ ဒေါ်လာ ၄၀ ဘီလီယံအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Council on Foreign Relations က စီးပွားရေးပညာရှင် Sebastian Mallaby ကတော့ OpenAI အနေနဲ့ ငွေသုံးစွဲမယ့် အစီအစဉ်တွေကို ပြန်သုံးသပ်ပြီး တန်ဖိုးမြင့်နေတဲ့ သူ့ရဲ့ရှယ်ယာတွေနဲ့ ပေးချေမယ်ဆိုရင်တောင် ကြီးမားတဲ့ ဘဏ္ဍာရေးကွာဟချက်ကြီးတစ်ခုကို ဖြတ်ကျော်ရဦးမယ်လို့ ဆိုပါတယ်။

Efforts underway at OpenAI to bring back Sam Altman as CEO

နည်းပညာကဏ္ဍမှာ အနည်းဆုံး ဒေါ်လာ ဘီလီယံ ၈၀၀ လောက် နစ်နာဆုံးရှုံးနိုင်ခြေရှိတဲ့ “တွင်းနက်ကြီး (black hole)” တစ်ခု ရှိနေတယ်လို့ Bain & Company က မနှစ်က အစီရင်ခံခဲ့ဖူးပါတယ်။

AI ကုမ္ပဏီတွေဟာ ဝင်ငွေပြန်ရှာနိုင်တာထက် ငွေသုံးစွဲမှုက ပိုမြန်ဆန်နေတယ်လို့ လေ့လာသူက ထောက်ပြထားပါတယ်။

OpenAI CEO Sam Altman အနေနဲ့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၀ ဘီလီယံ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ကုမ္ပဏီမှာ ရှင်းလင်းတိကျတဲ့ စီးပွားရေးမော်ဒယ်နဲ့ အမြတ်အစွန်းရရှိမှု မရှိသေးပါဘူး။

Ref: Fossbytes