OpenAI ဟာ ChatGPT မှာ group chat တွေကို စတင်စမ်းသပ်နေပါတယ်။ ဒီ feature က မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ idea တွေ အတူတကွ ဆွေးနွေးတာ၊ ဆုံးဖြတ်ချက်တွေ ချတာမျိုးတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

Group chat စဖို့အတွက် chat တစ်ခုရဲ့ ညာဘက်အပေါ်ထောင့်က “people icon” ကနေ လူတွေကို ဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်။ Link တစ်ခု share ပြီး လူ အယောက် ၂၀ အထိ ဖိတ်ခေါ်နိုင်ပါတယ်။ Group chat ကို ဝင်တဲ့အခါ ဒါမှမဟုတ် စလုပ်တဲ့အခါ နာမည်၊ username နဲ့ ဓာတ်ပုံ ပါဝင်တဲ့ profile တစ်ခု သတ်မှတ်ဖို့ လိုအပ်ပါတယ်။ အဖွဲ့ဝင်တွေက တခြားသူတွေကို group ထဲကနေ ဖယ်ရှားနိုင်ပေမယ့် group creator ကိုတော့ ဖယ်ရှားနိုင်မှာ မဟုတ်ပါဘူး။

Group chat တွေက ChatGPT 5.1 Auto နဲ့ အလုပ်လုပ်တာ ဖြစ်ပြီး၊ user ရဲ့ plan ပေါ်မူတည်လို့ အကောင်းဆုံး model ကို အဲဒီ AI က ရွေးချယ်တုံ့ပြန်ပေးမှာပါ။ ChatGPT ကို “social behavior” အသစ်တွေ သင်ပေးထားလို့ စကားဝိုင်းရဲ့ အခြေအနေအရ ဘယ်အချိန် ဝင်ပြောရမယ်၊ ဘယ်အချိန် ငြိမ်နေရမယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ User တွေက AI ကို တုံ့ပြန်စေချင်ရင်တော့ “ChatGPT” လို့ mention ခေါ်နိုင်ပါတယ်။
Privacy ပိုင်းအနေနဲ့၊ user ရဲ့ ကိုယ်ပိုင် ChatGPT memory ကို group chat တွေမှာ အသုံးမပြုပါဘူး၊ အဲဒီ chat တွေကနေ memory အသစ်တွေလည်း မတည်ဆောက်ပါဘူး။ Chat ထဲမှာ အသက် ၁၈ နှစ်အောက် user တစ်ယောက်ယောက်ပါခဲ့ရင်၊ AI က အဖွဲ့ဝင်အားလုံးအတွက် sensitive content တွေ မြင်ရတာကို အလိုအလျောက် လျှော့ချပေးမှာ ဖြစ်ပါတယ်။ ဒီ group chat feature ကို Japan, Taiwan, New Zealand နဲ့ South Korea တွေမှာ web ရော mobile မှာပါ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပြီး၊ နောက်ပိုင်းမှာ တခြားနိုင်ငံတွေကို တိုးချဲ့သွားမယ့် အစီအစဉ် ရှိပါတယ်။
Ref : gsmarena