OpenAI က အမေရိကန်က အသုံးပြုသူတချို့အတွက် ChatGPT မှာ ကြော်ငြာတွေ စတင်ပြသသွားမယ်လို့ ပြောပါတယ်။ ဒီကြော်ငြာတွေကို အခမဲ့အသုံးပြုသူတွေနဲ့ ကမ္ဘာတစ်ဝန်း ဖြန့်ချိနေတဲ့ ဈေးနှုန်းသက်သာတဲ့ ChatGPT Go plan အသုံးပြုသူတွေဆီမှာ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။

ChatGPT to start showing users ads based on their conversations | CNN Business

OpenAI အနေနဲ့ ကြော်ငြာတွေကို ChatGPT ရဲ့ အဖြေတွေနဲ့ ရှင်းရှင်းလင်းလင်း ခွဲခြားထားမှာဖြစ်ပြီး AI က မေးခွန်းတွေကို ဖြေကြားတဲ့ပုံစံအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ Plus, Pro, Business နဲ့ Enterprise plan အသုံးပြုသူတွေကတော့ ကြော်ငြာတွေကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။

OpenAI to test ads in ChatGPT in bid to boost revenue | Reuters

ကုမ္ပဏီအနေနဲ့ အသုံးပြုသူတွေရဲ့ ယုံကြည်မှုကို ဦးစားပေးအဖြစ် ဆက်လက်ထားရှိမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။ ပြောဆိုမှုတွေကို ကြော်ငြာရှင်တွေဆီ မျှဝေတာ၊ ရောင်းချတာတွေ လုပ်မှာမဟုတ်သလို ကြော်ငြာတွေက ChatGPT ရဲ့ တုံ့ပြန်မှုတွေအပေါ် လွှမ်းမိုးမှုရှိမှာ မဟုတ်ပါဘူး။

အသက် ၁၈ နှစ်အောက် အသုံးပြုသူတွေကို ကြော်ငြာပြသမှာ မဟုတ်သလို ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ နိုင်ငံရေးလိုမျိုး ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတွေမှာလည်း ကြော်ငြာတွေကို ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုအနေနဲ့ ကြော်ငြာတွေက ChatGPT ရဲ့ အဖြေတွေအောက်ဆုံးမှာ ပေါ်လာမှာဖြစ်ပြီး “Sponsored” လို့ တပ်ထားမှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ပြောဆိုမှုတွေအပေါ် မူတည်ပြီး ကြော်ငြာပြသတာမျိုးကိုလည်း ပိတ်ထားနိုင်ပါတယ်။

စည်းကမ်းသတ်မှတ်ထားတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ပြောဆိုမှုတွေမှာ ကြော်ငြာထည့်သွင်းဖို့ အစီအစဉ်မရှိဘူးလို့ OpenAI က ပြောပါတယ်။ တဖက်မှာလည်း ကြော်ငြာရှင်တွေက AI ဟာ သမားရိုးကျပုံစံတွေထက် ကြော်ငြာတွေကို ပိုပြီးဆီလျော်မှုရှိအောင်၊ ထိရောက်မှုရှိအောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

Ref: Technology Innovation