[Unicode]

OPPO ဟာ ဈေးနှုန်းသင့် စမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ OPPO A31 ကို ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ မော်ဒယ်နံပါတ် CPH2015 နဲ့ ဒီဟန်းဆက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက စင်ကာပူရဲ့ IMDA နဲ့ အင်ဒိုနီးရှားရဲ့ Certification platform တွေမှာ တွေ့ခဲ့ရပါသေးတယ်။

စင်ကာပူ IMDA ကတော့ ဒီမော်ဒယ်နံပါတ်ဟာ စင်ကာပူဈေးကွက်ထဲကို OPPO A31 အဖြစ် ရောက်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီဇင်ဘာလရဲ့ နောက်ဆုံးရက်မှာတော့ မော်ဒယ်နံပါတ် CPH2015 ဟာ အမေရိကန် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC မှာ Certification ရသွားပြီ ဖြစ်ပါတယ်။ FCC ကလည်း ဟန်းဆက်ရဲ့ အကြိုထုတ်လုပ်မှုပုံစံတွေကို ဖော်ပြခဲ့ပါတယ်။

OPPO A31 ရဲ့ အဓိကအစိတ်အပိုင်း အချို့ကိုလည်း FCC ကတစ်ဆင့် ထပ်ပြီးသိခဲ့ရပါတယ်။ ဒီဟန်းဆက်ဟာ 6.5-inch မျက်နှာပြင်မှာ Waterdrop notch နဲ့အတူ Selfie ကင်မရာတစ်လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ကိုယ်ထည်ရဲ့ ဘယ်ဘက်မှာတော့ ပါဝါခလုတ်ရှိပြီး၊ အသံအတိုးအချဲ့ခလုတ်ကတော့ ညာဘက်ခြမ်းမှာ တပ်ဆင်ထားပါတယ်။ 3.5mm audio jack လည်းပါဝင်ပြီး USB 2.0 port သာ တပ်ဆင်ထားမှာပါ။

ကျောဘက်မှာတော့ လက်ဗွေဖတ်စနစ်နဲ့ ကင်မရာသုံးလုံး တပ်ဆင်ထားတဲ့ ပုံစံကို တွေ့မြင်ရပါတယ်။ ဘက်ထရီပမာဏကတော့ 4,100mAh ဖြစ်ကြောင်း သိရပါတယ်။ OS ကတော့ Android 10 ဒါမှမဟုတ် Android 9 Pie နဲ့ ထွက်လာဖွယ်ရှိပါတယ်။ ကျန်တဲ့ အရေးကြီးအချက်အလက်တွေကတော့ မသိရသေးတာကြောင့် နောက်ထပ်ထွက်လာမယ့် သတင်းကိုပဲ စောင့်ဆိုင်းရဦးမှာပါ။

Ref: Gizmochina

[Zawgyi]

ေဈးႏႈန္းသင့္ အမ်ိဳးအစား OPPO A31 ကို FCC မွာေတြ႕ျမင္လာရ

OPPO ဟာ ေဈးႏႈန္းသင့္ စမတ္ဖုန္းအမ်ိဳးအစားျဖစ္တဲ့ OPPO A31 ကို ထုတ္လုပ္ေရာင္းခ်ဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ေမာ္ဒယ္နံပါတ္ CPH2015 နဲ႔ ဒီဟန္းဆက္ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက စင္ကာပူရဲ႕ IMDA နဲ႔ အင္ဒိုနီးရွားရဲ႕ Certification platform ေတြမွာ ေတြ႕ခဲ့ရပါေသးတယ္။

စင္ကာပူ IMDA ကေတာ့ ဒီေမာ္ဒယ္နံပါတ္ဟာ စင္ကာပူေဈးကြက္ထဲကို OPPO A31 အျဖစ္ ေရာက္လာမယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဒီဇင္ဘာလရဲ႕ ေနာက္ဆုံးရက္မွာေတာ့ ေမာ္ဒယ္နံပါတ္ CPH2015 ဟာ အေမရိကန္ ဖက္ဒရယ္ဆက္သြယ္ေရးေကာ္မရွင္ FCC မွာ Certification ရသြားၿပီ ျဖစ္ပါတယ္။ FCC ကလည္း ဟန္းဆက္ရဲ႕ အႀကိဳထုတ္လုပ္မႈပုံစံေတြကို ေဖာ္ျပခဲ့ပါတယ္။

OPPO A31 ရဲ႕ အဓိကအစိတ္အပိုင္း အခ်ိဳ႕ကိုလည္း FCC ကတစ္ဆင့္ ထပ္ၿပီးသိခဲ့ရပါတယ္။ ဒီဟန္းဆက္ဟာ 6.5-inch မ်က္ႏွာျပင္မွာ Waterdrop notch နဲ႔အတူ Selfie ကင္မရာတစ္လုံး တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ကိုယ္ထည္ရဲ႕ ဘယ္ဘက္မွာေတာ့ ပါဝါခလုတ္ရွိၿပီး၊ အသံအတိုးအခ်ဲ႕ခလုတ္ကေတာ့ ညာဘက္ျခမ္းမွာ တပ္ဆင္ထားပါတယ္။ 3.5mm audio jack လည္းပါဝင္ၿပီး USB 2.0 port သာ တပ္ဆင္ထားမွာပါ။

ေက်ာဘက္မွာေတာ့ လက္ေဗြဖတ္စနစ္နဲ႔ ကင္မရာသုံးလုံး တပ္ဆင္ထားတဲ့ ပုံစံကို ေတြ႕ျမင္ရပါတယ္။ ဘက္ထရီပမာဏကေတာ့ 4,100mAh ျဖစ္ေၾကာင္း သိရပါတယ္။ OS ကေတာ့ Android 10 ဒါမွမဟုတ္ Android 9 Pie နဲ႔ ထြက္လာဖြယ္ရွိပါတယ္။ က်န္တဲ့ အေရးႀကီးအခ်က္အလက္ေတြကေတာ့ မသိရေသးတာေၾကာင့္ ေနာက္ထပ္ထြက္လာမယ့္ သတင္းကိုပဲ ေစာင့္ဆိုင္းရဦးမွာပါ။

Ref: Gizmochina