5G Version ကို ပြီးခဲ့တဲ့လအနည်းငယ်က ရောင်းချပြီးနောက်မှာ OPPO က A3x 4G ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ အကြမ်းခံတဲ့ တန်ဖိုးနည်း ဖုန်း ဖြစ်ပါတယ်။

Oppo A3x 4G lands in India with low price, military grade shock resistance  - GSMArena.com news

OPPO က A3x 4G ရဲ့ အကြမ်းခံမှုကို အသားပေးထားပါတယ်။ MIL-STD-810H Military-grade Certification ရထားပြီး တုန်ခါမှုကို ခံနိုင်ပါတယ်။ IP54 Rating ပါလာပြီး ရေစက်ရေပေါက်နဲ့ ဖုန်မဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။

OPPO A3x 4G launched in India with military-grade shock resistance: price,  specifications

OPPO A3x 4G မှာ 6.67” LCD 720x1604p Display တပ်ဆင်ထားပြီး 90Hz Refresh Rate , 180Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ နေအိမ်အပြင်ဘက်မှာ ကောင်းမွန်စွာ မြင်နိုင်တဲ့ 1,000 Nits Peak Brightness ပါပါတယ်။

စွမ်းရည်သင့် Snapdragon 6s Gen 1 Chipset မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ 5,100mAh Battery ပါလာပြီး 45W Fast Charging ထောက်ပံ့ထားပါတယ်။ ၃၀ မိနစ်မှာ ၀ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

OPPO A3x 4G ရဲ့ 4GB RAM / 64GB Storage ကို ၈,၉၉၉ ရူပီး (၄၈၀,၀၀၀ ကျပ်ဝန်းကျင်) နဲ့ 128GB Storage Version ကို ၉,၉၉၉ ရူပီး (၅၄၀,၀၀၀ ကျပ်ဝန်းကျင်) သတ်မှတ်ထားပါတယ်။ Nebula Red နဲ့ Ocean Blue အရောင်ထုတ်လုပ်ထားပါတယ်။

Ref : gizmochina