OPPO က  A92s ကို ပူပူနွေးနွေး မိတ်ဆက်ထားပြီး အခုတော့ တန်ဖိုးနည်း OPPO A52 ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီအတွက် OPPO A52 ကို မကြာခင် ကြေညာနိုင်ပါတယ်။ တရုတ်လူမှုကွန်ရက် ဝီဘိုမှာ အဲဒီ ဖုန်းရဲ့ Specs တချို့လည်း မကြာခင်က ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းမှာ ၆.၅ လက်မ FHD+ LCD မျက်နှာပြင် ပါလာပြီး 2400x1080p Resolution ဖြစ်နိုင်ပါတယ်။

မျက်နှာပြင်ရဲ့ အထက်ဘယ်ဘက်က Punch Hole မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး Qualcomm Snapdragon 665 Chipset မောင်းနှင်ထားမှာပါ။ Adreno 610 GPU ထည့်သွင်းထားပြီး အနောက်ဘက်က လေးထောင့်အကွက်ထဲမှာ ကင်မရာတွေ တပ်ဆင်ထားမှာပါ။ အနောက်ကင်မရာ ၄ လုံးနဲ့အတူ LED Flash ၁ လုံး ပူးတွဲထားမှာပါ။ ကင်မရာတွေဟာ အရင်မျိုးဆက်ထက် အနည်းငယ် ပိုငေါထွက်နေပါတယ်။

ညာဘက်က Home Button မှာ လက်ဗွေရာ ကိရိယာကို မြှပ်နှံထားပြီး ဘယ်ဘက်မှာ အသံခလုတ်တွေ တပ်ဆင်ထားမှာပါ။ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး တခြား Memory Configurations တွေလည်း ထုတ်လုပ်ထားနိုင်ပါတယ်။ 5,000mAh ဘက်ထရီ ပါလာနိုင်ပြီး 18W Fast Charging ထောက်ပံ့ထားနိုင်ပါတယ်။

OPPO A52 ကို ၁,၅၉၉ ယွမ်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၃ သိန်း ၂ သောင်းလောက် ကျသင့်နိုင်ပါတယ်။ ဓါတ်ပုံတွေအရ အပြာရင့်နဲ့ အပြာနုအရောင်တွေ ထုတ်လုပ်ထားပြီး ဒီလ ၂၀ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။

Ref : gizchina