Oppo ဟာ A5 2020 စမတ်ဖုန်းကို မနှစ်က စက်တင်ဘာမှာ မိတ်ဆက်ခဲ့ပြီး Snapdragon 665 နဲ့ 5,000 mAh ဘက္ထရီ တို့ကို မြင်ခဲ့ရပါတယ်။ စျေးချို Mid-range တန်း မော်ဒယ်အတွက် မျိုးဆက်သစ်ကို အခုနှစ်မှာ အိန္ဒိယစျေးကွက်ကနေ စတင် မိတ်ဆက်သွားမယ့် ပုံရှိပြီး Oppo A5 2020 ရဲ့ မျိုးဆက်သစ်ကို Oppo A6 လို့ အမည်ပေးလာမှာပါ။

သတင်းတွေကလည်း မော်ဒယ်အသစ်ဟာ ပရိုဆက်ဆာ၊ ကင်မရာနဲ့ Display ပိုင်းတွေမှာ သိသာတဲ့ Upgrade တွေ ပါဝင်လာပြီး တန်ဖိုး ရူပီး ၁၀,၀၀၀ (မြန်မာငွေ တစ်သိန်းရှစ်သောင်း) ခန့် ကျသင့်မယ်လို့ ဆိုပါတယ်။

A6 2020 အတွက် Specs တွေကို မမြင်ရသေးပေမယ့် သူ့ရဲ့ မျိုးဆက်ဟောင်း A5 2020 မှာတော့ 6.5” Display ပေါ်မှာ Waterdrop ဒီဇိုင်းနဲ့ ထွက်ရှိခဲ့ပြီး 720 x 1600p HD+ Resolution ရှိပါတယ်။ Display အချိုးအစားက 20:9 ဖြစ်ပြီး Gorilla Glass 3 နဲ့ ဖုံးအုပ်ထားခဲ့တယ်။

Snapdragon 665 ချစ်ပ်ဆက် အသုံးပြုထားခဲ့တဲ့ A5 2020 ဟာ 128GB Storage ကို 3/4/6GB RAM ရွေးချယ်မှု သုံးမျိုး ပေးထားခဲ့ပါတယ်။ နောက်ဘက်မှာ 12MP + 8MP + 2MP + 2MP Sensor နဲ့ Quad-cam အသုံးပြုထားပြီး ရှေ့မှာ 8MP ဆဲလ်ဖီး ကင်မရာ တစ်လုံး ပါဝင်ခဲ့ပါတယ်။

Fingerprint Reader ကို နောက်ဘက်မှာ ထည့်ထားခဲ့ပြီး 5,000 mAh ဘက္ထရီ၊ Bluetooth 5.0, Dual-SIM ထောက်ပံ့မှု တို့နဲ့ ထွက်ခဲ့တာပါ။ အခုနှစ် A6 စမတ်ဖုန်းသစ်ကိုတော့ ဒီထက် ပိုကောင်းတဲ့ Upgrade တွေနဲ့ တွေ့ရဖို့ မျှော်လင့်ထားပြီး ဘက္ထရီ ကတော့ ဒီတိုင်း ပြန်ပါလာရင်တောင် မဆိုးပါဘူး။

Ref – GizmoChina