Oppo ဟာ A6 series မှာ မော်ဒယ်အတော်များများ ကြေညာထားပြီး အစပိုင်းမှာ Oppo A6 Pro 5G နဲ့ နောက်ပိုင်းမှာ 5G ပါဝင်တဲ့ A6 GT နဲ့ A6i တို့ကို ကြေညာခဲ့ပါတယ်။ အခုတော့ 4G မော်ဒယ်ဖြစ်တဲ့ Oppo A6 Pro ကို Vietnam မှာ ပွဲထုတ်လိုက်ပါတယ်။

Oppo A6 Pro 4G arrives with a colorful design and a 7,000mAh battery -  NotebookCheck.net News

ဒီဖုန်းမှာ MediaTek ရဲ့ နောက်ဆုံးထုတ် (နောက်ဆုံးဖြစ်နိုင်တဲ့) 4G chipset ဖြစ်တဲ့ Helio G100 ကို သုံးထားပါတယ်။ Memory ပိုင်းမှာလည်း 8GB LPDDR4X RAM နဲ့ 256GB UFS 2.2 storage တို့ကို ရက်ရက်ရောရော ထည့်ပေးထားပါတယ်။ Chipset ကို အေးနေစေဖို့အတွက် vapor chamber တစ်ခုလည်း ပါဝင်ပါတယ်။

Oppo A6 Pro 4G with Helio G100, 7,000mAh battery launches - GSMArena.com  news

Oppo A6 Pro 4G ရဲ့ ဈေးနှုန်းက ဗီယက်နမ်ဒေါင် ၈,၃၀၀,၀၀၀ ($315/€265/₹28,000) ဖြစ်တဲ့အတွက် ဒါဟာ entry-level ဖုန်းအမျိုးအစား မဟုတ်ပါဘူး။

A6 Pro 4G မှာ 6.57 လက်မ OLED display နဲ့ 1080p+ resolution ပါဝင်ပြီး Peak Brightness က 1,400 nits အထိ ဖြစ်ပါတယ်။  ဖုန်းထဲမှာ 7,000mAh ဘက်ထရီကြီးနဲ့ 80W အားအမြန်သွင်းစနစ် ပါဝင်ပြီး ဒီအချက်အလက်တွေက 5G မော်ဒယ်နဲ့ တူညီပါတယ်။

ဘယ်ဘက်အပေါ်ထောင့်မှာ 50MP ကင်မရာတစ်လုံးကို ထည့်သွင်းထားပါတယ်။ တခြားမှန်ဘီလူးတွေ ပါဝင်ပုံရပေမယ့် တကယ်တမ်းမှာတော့ 2MP depth sensor တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီ 50MP ကင်မရာက 1080p ဗီဒီယိုတွေကို 60fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ Selfie ကင်မရာကတော့ 16MP sensor ဖြစ်ပြီး 1080p ဗီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။

Oppo A6 Pro 4G ဟာ တော်တော်လေးကို ကြံ့ခိုင်မှုရှိပါတယ်။ IPX6 (ရေဖိအားပြင်းပြင်းနဲ့ ၃ မိနစ်ခံနိုင်ရည်ရှိခြင်း)၊ IPX8 (ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ ကြာ သုံးနိုင်ခြင်း) နဲ့ IPX9 (၈၀ ဒီဂရီစင်တီဂရိတ်ရှိတဲ့ ရေပူဖိအားကို ခံနိုင်ရည်ရှိခြင်း) အဆင့်သတ်မှတ်ချက်တွေ ရရှိထားပြီး ဖုန်မှုန့်လုံးဝမဝင်နိုင်တဲ့ IP6X အဆင့်လည်း ပါဝင်ပါသေးတယ်။ ဒါ့အပြင် MIL-STD-810H စမ်းသပ်မှုကိုလည်း အောင်မြင်ထားပါတယ်။

Oppo A6 Pro 4G ကို Lunar Titanium, Stellar Blue, Coral Pink နဲ့ Rosewood Red ဆိုတဲ့ အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။

Ref : gsmarena