OPPO ကနေ Mid Range စမတ်ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ OPPO A52 ကို မိတ်ဆက်ထားပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုလည်း OPPO ကနေ နောက်ထပ် OPPO A72 စမတ်ဖုန်းကိုပါ ထပ်ပြီးမိတ်ဆက်ပေးလိုက်ပါတယ်။

အဆိုပါ OPPO A72 စမတ်ဖုန်းဟာ OPPO A52 လိုမျိုးပဲ တူညီတဲ့ 6.5″ Full HD+ Display ကို အသုံးပြုထားမှာဖြစ်သလို Qualcomm Snapdragon 665 နဲ့ RAM 4GB ပါဝင်တာတွေကလည်းတူညီနေမှာဖြစ်ပါတယ်။ Storage အနေနဲ့တော့ 128GB ပါဝင်သလို MicroSD Card ကနေ ထပ်တိုးနိုင်ဦးမယ်လို့လည်း သိရပါတယ်။ Fingerprint Sensor ကတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာရှိနေသလို 3.5mm Headphone Jack လည်းပါဝင်မှာပါ။

Camera ပိုင်းအနေနဲ့တေ့ာ OPPO A52 ထက်ပိုကောင်းတယ်လို့ ပြောနိုင်ပြီးတော့ Primary Sensor ကို 48MP Sensor သုံးထားတဲ့ Quad Camera Setup ပါဝင်မှာပါ။ 48MP Primary Sensor အပြင် 8MP Ultrawide ၊ 2MP Macro နဲ့ 2MP Depth Sensor တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ကို Punch-hole Display အနေနဲ့ အသုံးပြုထားမှာပါ။

Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Software ပိုင်းမှာတော့ Android 10 ကို အခြေခံထားတဲ့ ColorOS 7.1 ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ OPPO A72 ရဲ့ စျေးနှုန်းကို အတိအကျမသိရှိရသေးပေမယ့် A52 စမတ်ဖုန်းက တရုတ်ယွမ်ငွေ ၁,၆၀၀ (မြန်မာငွေ ၃ သိန်း ၂ သောင်း) ဝန်းကျင်ရှိတဲ့အတွက် အဲ့ဒီထက်ပိုပြီး စျေးများလာနိုင်ပါတယ်။

Ref – GSM Arena