[Unicode]

OPPO က A Series ဖုန်း အသစ်တွေကို ကြေညာတော့မှာ ဖြစ်ပြီး အဲဒီထဲမှာ OPPO A8 ပါပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး အနောက်ဘက် ဒီဇိုင်းနဲ့ အရောင်တွေကို သိလာရပါပြီ။ ဓါတ်ပုံအရ OPPO A8 ကို တရုတ်မှာ အနီ၊ အစိမ်းနဲ့ အဖြူရောင်တွေ ထုတ်လုပ်ရောင်းချမှာပါ။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာပါပါတယ်။ ဘယ်ဘက်ထိပ်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။

အသံခလုတ်တွေကို ဘယ်ဘက်နဲ့ ပါဝါခလုတ်ကို ညာဘက်မှာ တပ်ဆင်ထားပါတယ်။ TENAA ကနေ ထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံအရ အရှေ့ဘက်မှာ Waterdrop Notch Screen ပါလာမှာပါ။ TENAA ရဲ့ ဒေတာဘေ့စ်အရ OPPO A8 မှာ ၆.၅ လက်မ IPS LCD HD+ Display ပါလာမှာ ဖြစ်ပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။

4GB RAM နဲ့ 128GB Storage တွေပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး 12MP Main နဲ့ 2MP ၂ လုံးဖြစ်ပါတယ်။ Android 9 Pie အခြေပြု ColorOS မောင်းနှင်ထားပါတယ်။ 4,230mAh Battery ပါလာမှာ ဖြစ်ပေမယ့် လျှင်မြန်စွာ အားသွင်းစနစ်အကြောင်း မသိရသေးပါဘူး။

OPPO က A8 စမတ်ဖုန်း အကြောင်းကို ဖုံးကွယ်ထားပါသေးတယ်။ မကြာခင်က သတင်းတွေအရ ကုမ္ပဏီဟာ OPPO A91 ကိုလည်း ကြေညာဖို့ ရှိနေပါတယ်။ A91 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ TENAA နဲ့ Geekbench ကနေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

Ref : gizmochina

[Zawgyi]

OPPO A8 ရဲ႕ ဓါတ္ပံုေတြ ထြက္ေပၚလာ

OPPO က A Series ဖုန္း အသစ္ေတြကို ေၾကညာေတာ့မွာ ျဖစ္ၿပီး အဲဒီထဲမွာ OPPO A8 ပါပါတယ္။ အခုေတာ့ အဲဒီဖုန္းရဲ႕ ဓါတ္ပံုေတြ ေပါက္ၾကားထြက္ေပၚလာၿပီး အေနာက္ဘက္ ဒီဇိုင္းနဲ႔ အေရာင္ေတြကို သိလာရပါၿပီ။ ဓါတ္ပံုအရ OPPO A8 ကို တရုတ္မွာ အနီ၊ အစိမ္းနဲ႔ အျဖဴေရာင္ေတြ ထုတ္လုပ္ေရာင္းခ်မွာပါ။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာပါပါတယ္။ ဘယ္ဘက္ထိပ္မွာ ကင္မရာ ၃ လံုးနဲ႔ LED Flash ကို ေဒါင္လိုက္တပ္ဆင္ထားပါတယ္။

အသံခလုတ္ေတြကို ဘယ္ဘက္နဲ႔ ပါ၀ါခလုတ္ကို ညာဘက္မွာ တပ္ဆင္ထားပါတယ္။ TENAA ကေန ထြက္ေပၚခဲ့တဲ့ ဓါတ္ပံုအရ အေရွ႕ဘက္မွာ Waterdrop Notch Screen ပါလာမွာပါ။ TENAA ရဲ႕ ေဒတာေဘ့စ္အရ OPPO A8 မွာ ၆.၅ လက္မ IPS LCD HD+ Display ပါလာမွာ ျဖစ္ၿပီး 20:9 Aspect Ratio ျဖစ္ပါတယ္။

4GB RAM နဲ႔ 128GB Storage ေတြပါတဲ့အျပင္ microSD Card စိုက္ႏိုင္ပါတယ္။ ဆဲလ္ဖီး ကင္မရာက 8MP ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုး ထည့္သြင္းထားၿပီး 12MP Main နဲ႔ 2MP ၂ လံုးျဖစ္ပါတယ္။ Android 9 Pie အေျချပဳ ColorOS ေမာင္းႏွင္ထားပါတယ္။ 4,230mAh Battery ပါလာမွာ ျဖစ္ေပမယ့္ လွ်င္ျမန္စြာ အားသြင္းစနစ္အေၾကာင္း မသိရေသးပါဘူး။

OPPO က A8 စမတ္ဖုန္း အေၾကာင္းကို ဖံုးကြယ္ထားပါေသးတယ္။ မၾကာခင္က သတင္းေတြအရ ကုမၸဏီဟာ OPPO A91 ကိုလည္း ေၾကညာဖို႔ ရွိေနပါတယ္။ A91 ရဲ႕ ဓါတ္ပံုနဲ႔ သတင္းအခ်က္အလက္ေတြ TENAA နဲ႔ Geekbench ကေန ထြက္ေပၚခဲ့ဖူးပါတယ္။

Ref : gizmochina