OPPO A92s ကို ကြေညာမယ့် နေ့ကို မသိရသေးပေမယ့် TENAA မှာ အဲဒီဖုန်းရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုလည်း ဓါတ်ပုံတွေ ထပ်ထွက်လာပြီး Punch Hole မျက်နှာပြင်ပါလာပါတယ်။ TENAA က စာရင်းအရ ၆.၅၇ လက်မ 2400x1080p Resolution ရှိပြီး 120Hz Refresh Rate နဲ့ Touch Sampling Rate တွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို လေးထောင့်ကွက်ထဲမှာ ထည့်ထားပြီး ဘယ်ဘက်မှာ အသံခလုတ်နဲ့ SIM Card Slot တပ်ဆင်ထားပါတယ်။ ညာဘက်မှာ ပါဝါ ခလုတ်နဲ့ လက်ဗွေရာ ကိရိယာ ပါပြီး အောက်ခြေမှာ USB-C Port ၊ ပင်မ မိုက်ကရိုဖုန်း၊ စပီကာနဲ့ နားကြပ်ပေါက်တွေတွေ့ရပါတယ်။ ထိပ်မှာ ဒုတိယ မိုက်ကရိုဖုန်း ပါပါတယ်။

OPPO A92s မှာ Android 10 မောင်းနှင်ထားပြီး 2GHz Octa-core Processor ပါလာမှာပါ။ MediaTek Dimensity 800 SoC ဖြစ်နိုင်ပြီး 6 or 8 or 12GB RAM နဲ့ 128GB or 256GB Storage တွေ ရွေးချယ်နိုင်မှာပါ။ အရှေ့ ကင်မရာ ၂ လုံးက 16MP+2MP နဲ့ အနောက်ကင်မရာ ၄ လုံးက 48MP+8MP+8MP+2M တွေ ဖြစ်နိုင်ပါတယ်။ Dual-mode 5G နဲ့ 3,920mAh ဘက်ထရီ ပါလာနိုင်ပြီး အနည်းဆုံး အရောင် ၃ မျိုး ထုတ်ထားမှာပါ။

Ref : gsmarena