ပြီးခဲ့တဲ့တစ်ပတ်ကပဲ OPPO A92s 5G ရဲ့ Benchmark တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဟန်းဆက်ရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ Runder ဟာ တရုတ်နိုင်ငံရဲ့ JD.com နဲ့ OPPO တရားဝင် စတိုးဆိုင်တို့ကတစ်ဆင့် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။

OPPO A92s 5G ရဲ့ Chipset ကတော့ ပြီးခဲ့တဲ့ Benchmark ပေါ်ထွက်တုန်းကသိခဲ့ရတဲ့ MediaTek Dimensity 800 နဲ့ပါပဲ။ Specs စာမျက်နှာမှာ တိတိကျကျဖော်ပြထားတာမဟုတ်ပေမယ့် SoC ဟာ 5G ထောက်ပံ့ပေးတယ်၊ “MT6873″ဖတ်တယ်လို့ ဆိုတဲ့အတွက် ဖြစ်နိုင်ခြေများတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ပြီးတော့ ကောလာဟလထွက်ခဲ့တဲ့ 120Hz refresh rate မျက်နှာပြင်နဲ့ဆိုတာကလည်း အမှန်တကယ်ဖြစ်နေတာကို သိလိုက်ကြရပါတယ်။

OPPO A92s 5G ဟာ 6.57-inch IPS LCD မျက်နှာပြင်နဲ့ဖြစ်ပြီး Full HD+ (1080 x 2400px) resolution နဲ့ ဖြစ်ပါတယ်။ 6GB/128GB ဒါမှမဟုတ် 8GB/128GB အတွဲအဖက်ကို ရွေးချယ်နိုင်ပါတယ်။ ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ထားပြီး အဓိကကင်မရာကတော့ 48MP f/1.7 aperture ဆိုတာကို ဖော်ပြထားပါတယ်။

ကျောဘက်ကင်မရာတွေအနက် ကျန်တဲ့ကင်မရာသုံးလုံးရဲ့ အချက်အလက်ကို မဖော်ပြထားဘူးဆိုပေမယ့် TENAA အရဆိုရင်တော့ ဒုတိယကင်မရာဟာ 8MP Ultra-wide ဖြစ်ပြီး၊ 2MP depth sensor နဲ့ 2MP macro ကင်မရာတို့ ဖြစ်တယ်ဆိုတာကို သိရပါတယ်။ အရှေ့ဘက်က Selfie ကင်မရာတွေဟာ 16MP f/2.0 နဲ့ 2MP depth sensor တို့ ဖြစ်ပါတယ်။

Specs စာမျက်နှာမှာ ဘက်ထရီနဲ့ပတ်သက်တဲ့ အချက်အလက် မတွေ့ရပေမယ့် ကနဦးပေါက်ကြားမှုတွေအရ 3,890mAh ဘက်ထရီဖြစ်ပြီး 20W အမြန်အားသွင်းစနစ် ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ 6GB/128GB ကို CNY 2,199 ($310) (၄ သိန်း ၄ သောင်းဝန်းကျင်) နဲ့ရောင်းချမှာဖြစ်ပြီး 8GB/128GB ကိုတော့ CNY 2,499 ($350) (၅ သိန်း ဝန်းကျင်) နဲ့ရောင်းချမှာ ဖြစ်ပါတယ်။

Ref: GSM Arena