OPPO က စွမ်းရည်သင့် စမတ်ဖုန်း ၂ လုံးကို မကြာခင် ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီထဲက ဖုန်း ၁ လုံးရဲ့ ပိုစတာတွေ အွန်လိုင်းမှာ ထွက်ပေါ်လာပြီး OPPO A92s ဖြစ်နိုင်ပါတယ်။ ပိုစတာအရ အဲဒီဖုန်းရဲ့ မျက်နှာပြင် ဘယ်ဘက်အထက်မှာ ဆဲလ်ဖီး ကင်မရာ ၂ လုံးအတွက် ဆေးတောင့်ပုံ Punch Hole ထည့်သွင်းထားပါတယ်။ ၆.၅၇ လက်မ LCD မျက်နှာပြင် ပါလာပြီး 120hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက အရမ်းကောင်းပါတယ်။

OPPO A92s မှာ Dimensity 800 Processor မောင်းနှင်ထားပြီး 8/128GB (UFS 2.1 Storage) ပါလာမှာပါ။ ၂,၄၉၉ ယွမ်နဲ့ ရောင်းမယ်လို့ ပိုစတာမှာ ဖော်ပြထားပြီး မြန်မာငွေ ၅ သိန်းလောက်ကျသင့်မှာပါ။ အနောက်ဘက်မှာ စတုရန်းပုံ ကင်မရာ အကွက်ပါလာပြီး ကင်မရာတွေနဲ့ LED Flash ကို ကြက်ခြေခတ် ပုံစံ ဖန်တီးထားပါတယ်။

Digital Chat Station က ကင်မရာ Specs တွေကို မျှဝေထားဖူးပါတယ်။ ပင်မ ကင်မရာက 48MP ဖြစ်ပြီး 8MP Ultrawide Angle ၁ လုံး၊ 2MP ၂ လုံးနဲ့ အားဖြည့်ထားမှာပါ။ 2MP ၂ လုံးက Macro Photography နဲ့ Depth အတွက် ဖြစ်ပါတယ်။ ပိုစတာအရ အဲဒီ ဖုန်းမှာ ဘေးဘက် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပြီး Gradient White နဲ့ Navy Blue/Black ၂ ရောင် ထုတ်လုပ်ထားမှာပါ။

Ref : gizmochina