OPPO A92s ရဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေပြီး 120Hz Refresh Rate မျက်နှာပြင်ပါတဲ့ ပထမဆုံး A Series ဆိုတာ သိထားပြီးပါပြီ။ ဒါ့အပြင် 5G ပါတဲ့ ပထမဆုံး A Series လည်း ဖြစ်ပြီး အခုထွက်လာတဲ့ ပိုစတာ ၁ ခုမှာ ဖုန်းရဲ့ အရောင် ၃ မျိုးကို တွေ့လာရပါတယ်။ အနက်၊ အဖြူနဲ့ ပန်းရောင်တွေ ဖြစ်ပြီး အရင်သတင်းအရ  ၂,၄၉၉ ယွမ် ( ၅ သိန်းဝန်းကျင်) လောက်နဲ့ ရောင်းမှာပါ။ အခု ပိုစတာမှာလည်း 8/128GB ကို အဲဒီဈေးနဲ့ ရောင်းမယ်လို့ အတည်ပြုထားပါတယ်။

OPPO A92s မှာ ၆.၅၇ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပြီး ဘယ်ဘက်အထက်မှာ Dual Punch Hole ပါပါတယ်။ အရှေ့ ကင်မရာ ၂ လုံးက 16MP နဲ့ 2MP ဖြစ်နိုင်ပါတယ်။ အနောက်ဘက်မှာ လေးထောင့်ပုံ ကင်မရာ အကွက်ပါလာပြီး 48MP Main , 8MP Superwide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်နိုင်ပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာပါ။

OPPO A92s မှာ 4,000mAh ဘက်ထရီပါလာနိုင်ပြီး MediaTek Dimensity 800 5G Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ LPDDR4x RAM နဲ့ UFS 2.1 Storage တို့ကြောင့် ဖုန်းက အရမ်းမြန်မှာဖြစ်ပြီး ကြေညာမယ့်နေ့ကို မသိရသေးပါဘူး။

Ref : gizmochina