OPPO က တရုတ်မှာ ပြီးခဲ့တဲ့ ၁ ပတ်က Ace2 ကို ကြေညာခဲ့ပြီး အခုတော့ မြေပြင်စတိုးနဲ့ အွန်လိုင်းကနေ ရောင်းပေးလိုက်ပါပြီ။ 8/128GB ၊ 8/256GB နဲ့ 12/256GB မော်ဒယ် ၃ မျိုး ထုတ်လုပ်ပေးထားပြီး ၃,၉၉၉ ယွမ်၊ ၄,၃၉၉ ယွမ်နဲ့ ၄,၅၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၈ သိန်း ၊ ၈ သိန်း ၈ သောင်းနဲ့ ၉ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ Aurora Silver, Moon Rock Grey နဲ့ Fantasy Purple အရောင် ၃ မျိုး ရွေးချယ်နိုင်ပါတယ်။ တခြားနိုင်ငံတွေမှာ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ace2 မှာ ၆.၅၅ လက်မ Full HD+ AMOLED မျက်နှာပြင်နဲ့ 20:9 Aspect Ratio ပါပါတယ်။ 16MP ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Black & White ကင်မရာ ၄ လုံး ပါပါတယ်။

Android 10 OS အခြေပြု ColorOS 7.1 နဲ့ Snapdragon 865 SoC မောင်းနှင်ထားပါတယ်။ 8GB RAM Version တွေမှာ LPDDR4X RAM နဲ့ 12GB RAM Version မှာ LPDDR5 RAM ထည့်ထားပြီး UFS 3.0 Storage ထောက်ပံ့ထားပါတယ်။

အရမ်းမြန်တဲ့ 65W SuperVOOC 2.0 ထောက်ပံ့ထားပြီး ဘက်ထရီက 4,000mAh ဖြစ်ပါတယ်။ 40W Fast Wireless Charging ကလည်း တော်တော်မြန်မှာဖြစ်ပြီး မျက်နှာပြင်အောက်လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

Ref : gizmochina