OPPO က အကြီးတန်း အရာရှိတွေရဲ့ ရာထူး အပြောင်းအလဲကို ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက Global Marketing ဌာနရဲ့ ဥက္ကဌ Brian Shen နေရာမှာ အရင် OPPO China ရဲ့ Chief Marketing Officer ဖြစ်သူ Liu Li ကို အစားထိုးလိုက်ပါတယ်။
Brian Shen က ကိုယ်ရေးကိုယ်တာ ကျန်းမာရေး ကိစ္စကြောင့် ဖြစ်တယ်လို့ တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ကြေညာလိုက်ပါတယ်။ သူ့နေရာကို ဆက်ခံတဲ့ Liu Li ဟာ Global Business ကို ဦးဆောင်မှာ ဖြစ်ပြီး OPPO က သူဟာ Find Series , Ulike နဲ့ Real ဖုန်း Series တွေကို ပဲ့ကိုင်ခဲ့သူလို့ ပြောပါတယ်။
ဥက္ကဌ အသစ်ဟာ လက်ရှိ စမတ်ဖုန်း စီမံကိန်းတွေကို ဦးဆောင်မှာ ဖြစ်ပြီး OPPO Mobile CEO Chen Mingyong လက်အောက်ကနေ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Canalys ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Jia Mo က Liu Li ရဲ့ ပထမဆုံး စိန်ခေါ်မှုဟာ COVID-19 ရဲ့ နောက်ဆက်တွဲ ဂယက်တွေ ဖြစ်မယ်လို့ ပြောပါတယ်။ သူက အိန္ဒိယနဲ့ ဥရောပလို နိုင်ငံခြားဈေးကွက်တွေဟာ မသေချာတဲ့အတွက် တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေဟာ ဝင်ငွေ စီးဆင်းလည်ပတ်ဖို့ တရုတ်မှာ ရောင်းအား တိုးတက်အောင် ပြုလုပ်ရမယ်လို့ သုံးသပ်ပါတယ်။
Ref : gsmarena