OPPO က မတ်လ ၆ ရက်နေ့မှာ စွမ်းဆောင်ရည်မြင့် Find X2 Series ကို ကြေညာတော့မှာပါ။ မိတ်ဆက်ပွဲမှာ အဲဒီ ဖုန်းတွေကိုပဲ ချပြမှာ မဟုတ်ပါဘူး။ OPPO က Apple Watch နဲ့ အရမ်းဆင်တူပြီး Google Wear OS မောင်းနှင်ထားတဲ့ စမတ်နာရီကိုပါ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

OPPO စမတ်နာရီရဲ့ သတင်းတွေထွက်နေတာ ကြာပါပြီ။ အခုတော့ ကုမ္ပဏီက မိတ်ဆက်ပွဲ မတိုင်ခင်မှာ စမတ်နာရီရဲ့ ဓါတ်ပုံတွေကို ပြသလိုက်ပြီး အနက်နဲ့ ရွှေရောင်ကို မြင်ရပါတယ်။ အရင်ကလည်း စမတ်နာရီရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် အခု OPPO ရဲ့ ဓါတ်ပုံတွေမှာ စမတ်နာရီ ဒီဇိုင်းကို ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။

OPPO ရဲ့ ဓါတ်ပုံအရ စမတ်နာရီမှာ Speakerphone ၁ ခုပါလာမှာ ဖြစ်ပြီး စကားပြောနိုင်မှာ ဖြစ်ပါတယ်။ ဓါတ်ပုံမှာ Incoming Call နဲ့ In-call Screen တွေကို ပြသထားပြီး Loudspeaker Icon ကိုလည်း ထင်ထင်ရှားရှား မြင်ရပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ စမတ်နာရီရဲ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena