OPPO ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက OPPO R15 စမတ်ဖုန်းတွေအတွက် Android 10 OS Update ကို ထုတ်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ OPPO ကနေ F15 နဲ့ A91 စမတ်ဖုန်းတွေအတွက်ပါ Android 10 OS Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

OPPO A91 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းကတရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ တစ်လအကြာမှာ OPPO ကနေ India နိုင်ငံမှာ OPPO F15 ဆိုပြီး နာမည်ပြောင်းလဲပြီး မိတ်ဆက်ခဲ့တဲ့စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် အဆိုပါ စမတ်ဖုန်း ၂ လုံးဟာ နာမည်ကွာခြားတယ်ဆိုပေမယ့် အသုံးပြုထားတဲ့ Hardware ကတော့ တူညီတယ်နေတာဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ Android 10 OS ဟာ ColorOS 7 ကိုပါ Update ပြုလုပ်ပေးသွားမယ်လို့သိရပါတယ်။ အဲ့ဒီအတွက် System-wide Dark Mode ၊ Full Screen Gesture လိုမျိုး Feature အသစ်တွေပါဝင်လာမှာပါ။ အဲ့ဒီအပြင် OPPO ရဲ့ ColorOS 7 ရဲ့ Feature အသစ်တွေအကုန်လုံးလည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Software Update အနေနဲ့ကတော့ CPH2001PUEX_11.C.11 ဆိုတဲ့ Build Number နဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး A91 နဲ့ F15 ဖုန်းတွေက Android 10 OS Update ရရှိလာတဲ့အတွက် နောက်ပိုင်းမှာတခြားသော OPPO ရဲ့ Mid Range ဖုန်းတွေပါ Android 10 Update ကို ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref – Giz China