စမတ်ဖုန်းတွေက ပြီးခဲ့တဲ့နှစ်တွေတုန်းကနဲ့ ယှဥ်မယ်ဆိုရင် အဓိကအနေနဲ့ Display Size ပိုင်းမှာ ပြောင်းလဲမှုတွေ အများအပြားရှိခဲ့ပါတယ်။ ယခင်တုန်းက 5” ဝန်းကျင် Display Size ကနေ အခုဆိုရင် 6.5” ဝန်းကျင်လောက်ကမှ ပုံမှန်စမတ်ဖုန်းတစ်လုံးရဲ့ Display Size လို့ ပြောလို့ရနေပြီဖြစ်ပါတယ်။

ဒီလိုမျိုး ဖုန်း Display Size တွေကြီးလာတာနဲ့အတူ ဖုန်းရဲ့ အလေးချိန်ကလည်း သိသိသာသာကို ပိုလေးလာပါတော့တယ်။ ဒါက ယခင်တုန်းကအထိ မှန်ကန်ခဲ့ပေမယ့် အခုအချိန်မှာတော့ စမတ်ဖုန်းထုတ်လုပ်သူတွေကနေ Display Size ကို မလျော့ဘဲ ကိုင်ရတာပိုပြီး ပါးလွှာပေါ့ပါးအောင် ထုတ်လုပ်လာပြီဖြစ်ပါတယ်။ အခုဆိုရင် စျေးကွက်အတွင်းမှာ အပေါ့ပါးဆုံးစမတ်ဖုန်းတွေထဲက တစ်လုံးဖြစ်တဲ့ OPPO F17 Pro လိုမျိူး ဖုန်းတွေကို ဝယ်ယူနိုင်နေပါပြီ။

ကိုင်ရတာ ပေါ့ပါးဖို့ဆိုတဲ့နေရာမှာ အဓိကကျတာကတော့ လက်ထဲကိုင်ထားတဲ့အချိန်မှာ ခံစားရတဲ့ခံစားမှုနဲ့ ဖုန်းရဲ့ အလေးချိန်၊ ပါးလွှာမှုတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ အသုံးပြုထားတဲ့ Material က ကောင်းမွန်မှုမရှိဘူးဆိုရင်လည်း ဘယ်လောက်ပဲ ပေါ့ပါးနေပါစေ၊ အပေါစားဆန်တဲ့ ခံစားမှုကိုပဲ ရရှိစေမှာပါ။ OPPO F17 Pro မှာတော့ ပထမအချက်အနေနဲ့ ကမ္ဘာ့ပထမဆုံး Shiny Matte နည်းပညာနဲ့ အသုံးပြုထုတ်လုပ်ထားတဲ့ စမတ်ဖုန်းဖြစ်နေတဲ့အတွက် Hand Feeling အပိုင်းမှာ စိုးရိမ်စရာမရှိဘူးလို့ ပြောနိုင်ပါတယ်။

ဒီ Shiny Matte နည်းပညာက ပုံမှန်မြင်နေကျ Glossy Color တွေအတိုင်းပဲ အလင်းရောင်ပေါ်မှုတည်ပြီး မတူညီတဲ့အရောင်ပြေးတွေကို မြင်နိုင်သလိုပဲ တဖက်ကလည်း Matte Texture ကြောင့် ဘယ်လိုပဲကိုင်သုံးသုံး လက်ဗွေရာတွေကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ အရောင်အနေနဲ့လည်း Magic Blue နဲ့ Matte Black ဆိုပြီး လှပပြီး စတိုင်လ်ကျတဲ့ အရောင် ၂မျိုးကို ရွေးချယ်နိုင်မှာပါ။

ဒုတိယအချက် ဖုန်းရဲ့ အလေးချိန်နဲ့ ပါးလွှာမှုမှာလည်း OPPO F17 Pro က 164g အလေးချိန်နဲ့ 7.48mm ပဲ အထူရှိနေမှာဖြစ်ပါတယ်။ ဒါက 6.43” Super AMOLED Dual Punch-hole Display ပါဝင်တဲ့စမတ်ဖုန်းတစ်လုံးအနေနဲ့ကတော့ မယုံနိုင်လောက်အောင် ပါးလွှာပေါ့ပါးနေတာဖြစ်ပါတယ်။ ဒါ့အပြင် OPPO ကနေ လက်ထဲမှာကိုင်ထားတဲ့အချိန်မှာ ပိုပါးတယ်လို့ ထင်ရစေဖို့အတွက်လည်း 220° ထောင့်ခုံးအစွန်းတွေအပြင် Display Aspect Ratio ကိုလည်း 20:9 အနေနဲ့ ပြုလုပ်ပေးထားပါသေးတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်တဲ့အချိန်မှာ OPPO F17 Pro က တခြားသော စမတ်ဖုန်းတွေထက် သိသိသာသာကို လက်ထဲမှာ ကိုင်ထားတဲ့အချိန်မှာ ပေါ့ပါးနေပြီး ယုံကြည်မှုတစ်ခုကို ပြန်လည်ပေးစွမ်းနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

ဒီလိုမျိုး စမတ်ဖုန်းတွေမှာ ပါးလွှာပေါ့ပါးတာက နောက်ထပ်အားသာချက်တွေလည်းရှိပါသေးတယ်။ ဒါတွေက နဂိုဖုန်းကိုက ပါးနေပြီးသားဖြစ်နေတဲ့အတွက် Cover တွေတပ်မယ်ဆိုရင်လည်း သိသိသာသာပိုထူသွားမှာမဟုတ်ပါဘူး၊ ပေါ့ပါးတဲ့အလေးချိန်ကလည်း ရုပ်ရှင်ကြည့်တာ၊ ဂိမ်းကစားတာလိုမျိုး နာရီနဲ့ချီပြီး ဖုန်းကို အသုံးပြုနေရတဲ့အချိန်မှာ လက်ကို ညောင်းညာစေမှာမဟုတ်ပါဘူး။ နောက်ဆုံးအနေနဲ့ အပြင်သွားလာတဲ့ အချိန်တွေမှာ ဘောင်းဘီအိတ်လိုမျိုး အိတ်ကပ်တွေထဲမှာလည်း ပိုပြီးအလွယ်တကူ ထည့်ထားနိုင်ဦးမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေက Display Size ပိုကြီးတဲ့ဖုန်းတွေထက် ကိုင်ရတာပိုပေါ့ပါးတဲ့ဘက်ကို ပြောင်းလဲအာရုံစိုက်လာကြတာဖြစ်ပါတယ်။

OPPO F17 Pro ဖုန်းဟာ အခုလိုမျိုး ပါးလွှာပေါ့ပါးတယ်ဆိုပေမယ့် Feature ပိုင်းမှာလျော့ထားခြင်းမရှိဘဲ AI Color Portrait လိုမျိုး အလန်းစား Camera Feature တွေရိုက်ကူးနိုင်တဲ့ 48MP Quad Camera Setup ၊ Super AMOLED Dual Punch-hole Display ၊ 30W VOOC 4.0 Fast Charging ပါဝင်တဲ့ 4000mAh Battery တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Memory ပိုင်းအတွက် RAM 8GB / Storage 128GB ပါဝင်ပြီး စျေးနှုန်းအနေနဲ့ကတော့ ၃၉၉,၉၀၀ ကျပ် ကျသင့်မှာပါ။ ဒါ့အပြင် OPPO F17 Pro အပါအဝင် OPPO ထုတ်ကုန်တွေကို Shop.com.mm ကနေလည်း ပို့ဆောင်ခ အခမဲ့နဲ့ ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။