ပြီးခဲ့တဲ့လက သတင်းစထွက်လာခဲ့တဲ့ Oppo Find X2 Neo စမတ်ဖုန်းဟာ နယ်သာလန်က အရောင်းဝက်ဆိုက်တစ်ခုပေါ်ကို ရောက်ရှိလာခဲ့ပြီး Oppo ရဲ့ နယ်သာလန်တရားဝင် Page မှာတော့ မတွေ့ရသေးပါဘူး။

ဒီဖုန်းရဲ့ ဈေးနှုန်းက ယူရို ၇၁၉ (မြန်မာငွေ ၁၁ သိန်းကျော်) ဖြစ်ပေမယ့် Find X2 နဲ့ Find X2 Pro တို့ထက်တော့ သက်သာပါသေးတယ်။ Find X2 ဖုန်းဟာ ယူရို ၉၉၉ (မြန်မာငွေ ၁၅ သိန်းခွဲနီးပါး) နဲ့ Pro ဗားရှင်းက ယူရို ၁၁၉၉ (မြန်မာငွေ ၁၈ သိန်းခွဲ) ကနေ စတင်ပါတယ်။

Find X2 Neo စမတ်ဖုန်းဟာ Snapdragon 765G ချစ်ပ်ဆက်နဲ့ ထွက်လာပြီး မန်မိုရီအတွဲက 12/256GB တစ်မျိုးပဲ ရနိုင်ပါတယ်။ မျက်နှာပြင်က 6.5” AMOLED Display ဖြစ်ပြီး Full HD+ Resolution အပြင် 90Hz Refresh Rate ပါ ပါဝင်ပါတယ်။

သူနဲ့တော်တော်များများတူညီတဲ့ Reno3 Pro 5G စမတ်ဖုန်းမှာ 32MP ဆဲလ်ဖီကင်မရာတစ်လုံးတည်း ပါဝင်ပြီး Find X2 Neo မှာတော့ 44MP f/2.0 ဆဲလ်ဖီကင်မရာပါဝင်ပါတယ်။ Reno3 Pro မှာပါတဲ့ Sensor နဲ့တူပေမယ့် 2MP အကူကင်မရာငယ်မပါဘဲ တစ်လုံးတည်းပါ။

နောက်ဘက်မှာတော့ Quad-cam အတွဲဖြစ်ပြီး 48MP အဓိကကင်မရာကို 13MP f/2.4 Telephoto + 8MP f/2.2 Ultra-wide + 2MP B/W တို့နဲ့ တွဲဖက်ထားပါတယ်။ ဒီနောက်ကင်မရာက 1080p ကို 60fps နဲ့ ရိုက်ကူးနိုင်မှာပါ။ ဘက္ထရီက 4,025 mAh ဖြစ်ပြီး 30W VOOC 4.0 အားသွင်းစနစ်ပါဝင်ပါတယ်။ Android 10 အခြေခံထားတဲ့ ColorOS7 နဲ့ In-display Fingerprint တို့လည်း ပါပါတယ်။

နယ်သာလန်အရောင်းဝက်ဆိုက် Belsimpel မှာတော့ Find X2 Neo ဖုန်းကို Black, Blue ကာလာနှစ်မျိုးနဲ့ တင်ထားတာတွေ့ရပြီး သုံးပတ်အတွင်း ဈေးကွက်ထဲ တင်ပို့မယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် လာမယ့်ရက်သတ္တပတ်တွေ အတွင်းမှာ အခြားဈေးကွက်တွေမှာလည်း ထပ်တွေ့ရနိုင်ပါတယ်။

Ref – GSM Arena