OPPO က မတ်လ ၂၁ ရက်နေ့မှာ Find X6 Series နဲ့ Pad 2 တက်ဘလက်ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပြီး တရုတ် ဒေသစံတော်ချိန် နေ့လည် ၂ နာရီမှာ မိတ်ဆက်ပွဲ စတင်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီက မျှဝေထားတဲ့ ပိုစတာမှာ OPPO Find X6 ရဲ့ အနောက်ဘက်ကို သားရေနဲ့ ဖုံးအုပ်ထားပြီး စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားပါတယ်။ Periscope Lens တပ်ဆင်ထားပြီး Hasselblad Logo ကို မြင်ရပါတယ်။ လိမ္မော်ရောင် အစက်လေးက ဆွီဒင် ဓါတ်ပုံ ကုမ္ပဏီရဲ့ အမှတ်အသား ဖြစ်ပါတယ်။ တက်ဘလက်မှာ ပါးလွှာတဲ့ မျက်နှာပြင်ဘေးဘောင်တွေ ထည့်သွင်းထားပြီး ဘယ်ဘက်ခြမ်းမှာ ပါဝါခလုတ်နဲ့ အထက်မှာ အသံခလုတ် တပ်ဆင်ထားပါတယ်။

OPPO Find X6 Series မှာ MediaTek ရဲ့ Dimensity 9200 Chipset ပါတဲ့ OPPO Find X6 နဲ့ Snapdragon 8 Gen 2 Chipset ပါတဲ့ OPPO Find X6 Pro တို့ ပါလာနိုင်ပါတယ်။ OPPO Find X6 Pro ကို တရုတ် ပြင်ပမှာ မရောင်းချနိုင်ဘူးလို့ သတင်းထွက်နေပါတယ်။

OPPO Pad 2 ဟာ 11” IPS LCD ပါတဲ့ OPPO ရဲ့ ပထမဆုံး တက်ဘလက် ဖြစ်နိုင်ပြီး 8,360mAh Battery ပါလာနိုင်ပါတယ်။ တက်ဘလက်နဲ့ တွဲသုံးနိုင်တဲ့ ကီးဘုတ်နဲ့ ဒစ်ဂျစ်တယ် ဘောပင် ထည့်သွင်းထားနိုင်ပြီး စွမ်းရည်မြင့် Chipset တပ်ဆင်ထားနိုင်ပါတယ်။

Ref : gsmarena