OPPO ဟာ Find X7 Series ကို နောက်နှစ် ပထမ ၃ လအတွင်း ကြေညာမယ်လို့ ထင်ရပါတယ်။ အခုတော့ Tipster Digital Chat Station က Find X7 Pro ရဲ့ ကင်မရာ Specs တွေကို ဝီဘိုမှာ မျှဝေလိုက်ပါတယ်။

Upcoming Oppo Find X7 achieves 2,270,677 AnTuTu score, key specifications revealed - Gizmochina

OPPO Find X7 Pro ဟာ Periscope Telephoto ကင်မရာ ၂ လုံး ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမယ်လို့ DCS က ပြောပါတယ်။ အဲဒီဖုန်းမှာ အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး အရင်မျိုးဆက်မှာ ၃ လုံးပဲ ပါလာတာပါ။

DCS က Find X7 Pro ရဲ့ အနောက်ဘက်မှာ ၁ လက်မ အရွယ်အစား ရှိတဲ့ 50MP LYT-900 Main ကင်မရာ ပါလာမယ်လို့ ပြောပြီး အလွန်ကောင်းတဲ့ ဓါတ်ပုံ အရည်အသွေးကို ရစေမှာပါ။ ဒါ့အပြင် 50MP IMX890 Sensor (2.7x Optical Zoom) ၊ 50MP IMX858 Sensor (6x Optical Zoom) နဲ့ 50MP Ultrawide Lens တို့နဲ့ အားဖြည့်ထားမှာပါ။

Oppo Find X7 key features leaked before launch

DCS က Find X7 Pro ရဲ့ ကင်မရာတွေကို Hasselblad နဲ့ ပူးပေါင်းကာ ဖန်တီးထားတဲ့အတွက် Color Calibration ပိုကောင်းမယ်လို့ ပြောပါတယ်။

Find X7 Pro မှာ Snapdragon 8 Gen 3 Chip နဲ့ Find X7 မှာ Dimensity 9300 Chip မောင်းနှင်ထားမှာပါ။ Find X7 Series ကို 2024 Chinese Spring ပွဲတော် မတိုင်ခင် ကြေညာမယ်လို့ သတင်းထွက်နေတဲ့အတွက် ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီလ အစောပိုင်းမှာ မြင်ရနိုင်ပါတယ်။

Ref : gizmochina