နောက်ထွက်မယ့် OPPO Find X7 Series မှာ ဂြိုလ်တု ဆက်သွယ်ရေး ပါလာမယ်လို့ OPPO က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Teaser ဓါတ်ပုံ ၁ ခုနဲ့ ကြေညာထားပါတယ်။
OPPO Find X7 မှာ BeiDou ဂြိုလ်တု စာပို့ ဝန်ဆောင်မှုကို အသုံးပြုထားမယ်လို့ ထင်ရပါတယ်။ Huawei Mate 60 မှာလည်း BeiDou ရဲ့ ဝန်ဆောင်မှုကို အသုံးပြုထားတာ ဖြစ်ပါတယ်။ OPPO Find X7 ကို နိုင်ငံတကာမှာ ရောင်းချမယ်ဆိုရင်တောင် ဂြိုလ်တု ဆက်သွယ်ရေးကို တရုတ်မှာပဲ အသုံးပြုနိုင်မယ်လို့ ထင်ရပါတယ်။
အခြားတစ်ဘက်မှာလည်း Vivo X100 Series နဲ့ Samsung Galaxy S24 Series မှာလည်း ဂြိုလ်တု ဆက်သွယ်ရေး ပါမယ်လို့ သတင်းထွက်နေပါတယ်။
OPPO Find X7 Series ကို မကြာခင် ကြေညာမှာ ဖြစ်ပြီး Hasselblad ကင်မရာ စနစ်နဲ့ စွမ်းရည်မြင့် Dimensity 9300 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
OPPO က Imaging Engine ဟာ ကြည်လင်ပြတ်သားမှု ၃၀ ရာခိုင်နှုန်း ပိုကောင်းလာပြီး Image Noise ကို ၆၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ ပြောထားပါတယ်။
OPPO က Find X7 Series ကို ကြေညာမယ့် နေ့ကို အတိအလင်း မပြောသေးပါဘူး။ ဒါပေမယ့် သတင်းအချက်အလက်များစွာ ထွက်ပေါ်နေတဲ့အတွက် ကြေညာဖို့ နီးနေပြီလို့ ထင်ရပါတယ်။
Ref : gsmarena