OPPO က စွမ်းရည်မြင့် Find X8 Ultra ကို ကြေညာလိုက်ပါတယ်။ ခလုတ် အသစ် ၂ ခု တပ်ဆင်ထားပြီး ဘယ်ဘက်အထက်မှာ “Shortcut Button “ နဲ့ ဘယ်ဘက်အောက်မှာ iPhone 16 Series ရဲ့ “Capture Button” နဲ့ ဖန်ရှင်တူတဲ့ “Quick Button” တပ်ဆင်ထားပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၅ လုံး တပ်ဆင်ထားပြီး အောက်ပါအတိုင်း ဖြစ်ပါတယ်။
- 50MP 1″ type main sensor
- 50MP 3X periscope telephoto with 1/1.56″ sensor
- 50MP 6x periscope telephoto with a 1/1/.95″ sensor
- 50MP ultra-wide-angle camera with 120° wide viewing angle
- 2MP True Chroma camera
ကျန်တဲ့ Specs တွေအကြောင်းပြောရရင် 6.82” 2K LTPO AMOLED Display ပါလာပြီး 2,500 Nits Peak Brightness ထုတ်ပေးနိုင်ပါတယ်။ Under-display Ultrasonic Fingerprint Scanner ထည့်သွင်းထားပါတယ်။ ကြီးမားတဲ့ 6,100mAh Battery ပါလာပြီး 100W Wired, 50W Wireless Charging ထောက်ပံ့ထားပါတယ်။ IP69 ရေစိုခံစံနှုန်း ပါလာပါတယ်။
တရုတ်မှာ ဒီလ ၁၆ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်းကို အောက်မှာ ကြည့်နိုင်ပါတယ်။
- 12GB + 256GB: CNY 6,499 (€795, £685, INR 76,000)
- 16GB + 512GB: CNY 6,999 (€860, £740, INR 82,000)
- 16GB + 1TB: CNY 7,999 (€980, £840, INR 94,000)
Ref : Gizmochina