ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ OPPO ဟာ K10 အမည်ရ စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေတယ်ဆိုတဲ့သတင်းထွက်လာပြီး အဲဒီ စမတ်ဖုန်းဟာ MediaTek Dimensity 8000 Series Chipset ထည့်သွင်းထားမယ်လို့ သတင်းပေါက်ကြားခဲ့ပါတယ်။ အခုတော့ OPPO K10 မှာ အထင်ကြီးစရာကောင်းတဲ့ Fast Charging ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Oppo K10 3C

OPPO K10 ဟာ တရုတ်ရဲ့ 3C ကို ရောက်လာပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က PGIM10 ဖြစ်ပါတယ်။ Charger ရဲ့ မော်ဒယ်နံပါတ်က VCB8JACH ဖြစ်ပြီး 80W Fast Charging ထောက်ပံ့ထားပါတယ်။

Tipster @BaldPanda က အဲဒီ စမတ်ဖုန်းမှာ Dimensity 8000 SoC + 80W Fast Charging နည်းပညာ ပါလာမယ်လို့ သတင်းပေးထားပါတယ်။ အရင်ကတော့ K10 မှာ Dimensity 8000 သို့မဟုတ် 8100 SoC ပါလာမလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။

Dimensity 8000 နဲ့ 8100 ဟာ စွမ်းဆောင်ရည်သင့် Chipset ဖြစ်ပြီး Dimensity 8000 မှာ 8100 ထက် အနည်းငယ် ပိုနှေးတဲ့ GPU တပ်ဆင်ထားပါတယ်။ MediaTek က အဲဒီ Chips တွေပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေဟာ ကွာတား ၁ အကုန်မှာ ထွက်လာမယ်လို့ အတည်ပြုထားပြီး OPPO K10 ကို လာမယ့် လတွေအတွင်း ကြေညာနိုင်ပါတယ်။

Oppo K10 3C

Dimensity 8000 Series ထည့်သွင်းထားတဲ့ စမတ်ဖုန်းတွေကို အစောဆုံး ကြေညာမှာ  OPPO အပြင် OnePlus နဲ့ Redmi လည်း ပါပါသေးတယ်။ အဲဒီ Chip ပါမယ့် OnePlus ရဲ့ စမတ်ဖုန်း နာမည်ကို မသိရသေးပေမယ့် 8000 Series Processor သုံးထားမယ့် Redmi ရဲ့ စမတ်ဖုန်းက K50 Pro ဖြစ်ပါတယ်။

Ref : gizmochina