OPPO က K10 အမည်ရ 4G တန်ဖိုးနည်း  စမတ်ဖုန်း အသစ်ကို အိန္ဒိယမှာ ဒီလ ၂၃ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ OPPO က အဲဒီ ဖုန်းရဲ့ ဒီဇိုင်းကို မျှဝေခဲ့ဖူးပါတယ်။ အခုတော့ OPPO K10 ရဲ့ Specs အပြည့်အစုံဟာ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် ပေါက်ကြားလာပါတယ်။

Oppo K10 is arriving on March 23 with a 50MP camera - GSMArena.com news

ပေါက်ကြားသတင်းအရ OPPO K10 မှာ ၆.၅ လက်မ FHD+ IPS LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Snapdragon 680 SoC မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားမှာပါ။

Oppo K10 is arriving on March 23 with a 50MP camera - GSMArena.com news

OPPO K10 မှာ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 50MP Main , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာ အနေနဲ့ 16MP ကို Punch Hole မှာ ထည့်သွင်းထားမှာ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။ 33W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး Android 11 အခြေပြု ColorOS 11 အုပ်ထားမှာပါ။

အနောက်ကင်မရာတွေကို လေးထောင့်ပုံ အကွက်ထဲမှာ ထည့်သွင်းထားပြီး အောက်ခြေမှာ 3.5mm Audio Jack ၊ စပီကာနဲ့ USB Type-C Port တွေ တပ်ဆင်ထားမှာပါ။ OPPO K10 ရဲ့ ဒီဇိုင်းဟာ POCO M Series စမတ်ဖုန်း တချို့နဲ့ ဆင်တူနေမှာ ဖြစ်ပါတယ်။

Ref : mytechnewsindia