OPPO K10 Series ဟာ Dimensity 8000 Chip ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ နာမည်ကြီး Leakster Digital Chat Station က အဲဒီ Series ကို ဧပြီလ ၅ ရက်နေ့နောက်ပိုင်းမှာ ရောင်းချမယ်လို့ သတင်းပေးလာပါတယ်။

oppo k10 dimensity 8000 series

OPPO K10 Series ရဲ့ သတင်းတွေ ပြီးခဲ့တဲ့ လ အစောပိုင်းကတည်းက အွန်လိုင်းမှာ ပေါက်ကြားလာတာ ဖြစ်ပြီး 3C Certification အရ လက်ရှိ OPPO နဲ့ OnePlus ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ ထည့်သွင်းထားတဲ့ 80W Fast Charging ကို OPPO K10 Series မှာ သုံးထားမယ်လို့ ဖော်ပြထားပါတယ်။ K10 Series ကတော့ Upper-mid-ranger တွေလို့ မျှော်လင့်ရပါတယ်။

OPPO K10 launched with 90Hz display, Snapdragon 680, 50MP triple cameras - Gizmochina

OPPO K10 Series မှာ မော်ဒယ် ၂ ခု ထွက်လာနိုင်ပြီး K10 နဲ့ K10 Pro တို့ ဖြစ်နိုင်ပါတယ်။ K10 မှာ Dimensity 8000 နဲ့ K10 Pro မှာ ပိုမို စွမ်းရည်မြင့်မားတဲ့ Dimensity 8100 Chip တွေ ထည့်သွင်းထားနိုင်ပါတယ်။

Dimensity 8000 Series မှာ TSMC ရဲ့ 5nm Manufacturing Process ကို အသုံးပြုထားပြီး A78s ၄ လုံးနဲ့ A55s ၄ လုံးပါတဲ့ Octa-core CPU ကို တပ်ဆင်ထားကာ GPU က Six-core Mali-G610 ဖြစ်ပါတယ်။

MediaTek အရာရှိ ၁ ယောက်က Dimensity 8000 Series Chip တွေဟာ စွမ်းရည်မြင့် Level နီးပါး ရှိပေမယ့် တကယ့် စွမ်းရည်မြင့် Chip တွေနဲ့ ယှဉ်ရင် ဘက်ထရီ စားသုံးမှု သက်သာစေတယ်လို့ အရင်က ပြောထားပါတယ်။ Benchmark အရ Dimensity 8000 Series တွေရဲ့ စွမ်းဆောင်ရည်ဟာ Snapdragon 8888 နဲ့ တူညီပေမယ့် စွမ်းအင် စားသုံးမှု နည်းပါးတာကို တွေ့ရပါတယ်။

Ref : gizmochina