OPPO K11 ကို တရုတ်မှာ ကြေညာလိုက်ပြီး 6.7” AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 120Hz Refresh Rate, 240Hz Touch Sampling Rate နဲ့ 500 nits Brightness ထောက်ပံ့ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ မျက်နှာပြင်ပြားဖြစ်ပြီး အလယ်မှာ Punch Hole ပါပါတယ်။

OPPO K11

အရှေ့ဘက်မှာ 30fps Full HD Video ရိုက်နိုင်တဲ့ 16MP ကင်မရာ တပ်ဆင်ထားပြီး အနောက်ကင်မရာတွေက Sony IMX890 50MP Main (OIS) , 8MP Ultrawide , 2MP Macro တွေ ဖြစ်ပါတယ်။ စွမ်းရည်မြင့် Sony IMX890 က ၈၄.၃ ရာခိုင်နှုန်း အလင်းပိုဝင်စေတဲ့အတွက် ပိုမိုကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံနဲ့ Video တွေ ရိုက်ကူးနိုင်ပါတယ်။ 4K 30fps Video တွေ ရိုက်ကူးနိုင်ပါတယ်။

Oppo K11 5G To Launch On 25 July; Check Specs, Design, and Price

OPPO K11 မှာ Snapdragon 782G Chipset မောင်းနှင်ထားပြီး LPDDR4x RAM နဲ့ UFS 3.1 Storage ပါပါတယ်။ Storage မြှင့်တင်နိုင်ဖို့ microSD Card Slot ထည့်ထားပါတယ်။ 100W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး ၂၆ မိနစ်ထဲနဲ့ အားအပြည့်သွင်းပေးနိုင်ပါတယ်။ Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပါတယ်။

8/256GB , 12/256GB နဲ့ 12/512GB Version ၃ မျိုးထုတ်လုပ်ထားပြီး ၂၆၆ ဒေါ်လာ၊ ၂၈၀ ဒေါ်လာနဲ့ ၃၅၀ ဒေါ်လာ အသီးသီး ကျသင့်မှာပါ။ Moon Shadow Grey နဲ့ Glacier Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina